Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

သတိ......ယောက်ျားများ မဖတ်ရ....

ကိုယ်တိုင်မရယ်ဘဲ ခပ်တည်တည်နှင့် ပြောဆိုသော လူပြက်များ၏ ပြက်လုံးများကို ပရိသတ်ပိုသဘောကြကြောင်းကို လူပြက်တို့သိထားကြသည်။ ယောက်ျားအများစု၏ သဘောထားနှင့် စကားသည်လည်း တည်ငြိမ်ခြင်းမရှိပေ။ မိန်းမများဒုက္ခရောက်ကြရသည်မှာ သူတို့၏စကားကို အတည်ယူခြင်းကြောင့်ဖြစ်သည်။ ယောက်ျားတို့၏ လောကတွင် ထင်ရှားသောအချက်တစ်ရပ်ရှိသည်။ ၄င်းကား မက်မောဖွယ်အဆင်းရှိသော မိန်းမသားတိုင်းကို အချိန်မရွေးစိတ်ဝင်စားနိုင်ခြင်းပင်ဖြစ်သည်။ တကယ့်ချစ်ခြင်းမေတ္တာသည် လှပခြင်း၊ ပစ္စည်းဥစ္စာရှိခြင်း၊ ရာထူးဂုဏ်ရှိန်မြင့်မားခြင်း စသည်တို့ ပေါ်တွင်မတည်ချေ။ ယောက်ျားအများစုသည် ထိုလေသံအတိုင်းလိုက်ပြောဆိုတတ်ကြသော်လည်း လက်တွေ့တွင်ပြောင်းပြန်ပင်ဖြစ်သည်။
လူနှင့်လောကသဘာဝအရ ကောင်းသူထက်မကောင်းသူက ပိုများပေရာ ကိုယ်ကျိုးဆန်သောယောက်ျားတို့ကြောင့် မိန်းမများသည် အန္တရာယ်အချိန်မရွေးရှိ၏။ ကြင်ကြင်နာနာနှင့်လူ့စည်းကမ်းကျင့်ဝတ် အရ မယုတ်မလွန်စဥ်းစားသည့်ယောက်ျားအလွန်ရှားသည်။ မိမိက စပြီး မိမိကြောင့်ဖြစ်ပေါ်လာသောတာဝန်ကြီးကို ဒိုင်ခံဖြေရှင်းရမည့်အစား တစ်ကိုယ်ကောင်းဆန်ဆန်ခြေရာဖျောက်လိုက်သည်က များသည်။ တနည်းဆိုရသော် ဟန်ဆောင်တတ်ကြသည်။ မိန်းကလေးတစ်ယောက်ကို မိမိဘက်သို့ပါအောင် မည်သို့ပြုမူရမည်ကို လေ့လာထားပြီးဖြစ်သည်။ အခြားပညာထက် ထိုပညာကို ပိုပြီး တတ်ကြသည်။ ထိုသူတို့ကိုမူ လူ့ကျင့်ဝတ်အပြင်ဘက်က ယောက်ျားများအဖြစ် သတ်မှတ်ကြသည်။
ယောက်ျားတို့သည် သဘာဝအရ အခွင့်အရေးယူသူများဖြစ်သော်လည်း အတိအလင်းယူခွင့်မရပါက ခြေပုန်းခုတ်ကြလေသည်။ (ပေါ်တင်မကမြင်းရဲသောကြောင့် :D) ခြေပုန်းခုတ်သည်မှာ မိမိနာမည်နှင့် ဂုဏ်သိက္ခာ မကျဆင်းရေးပင် ဖြစ်သည်။ မိန်းမတို့သည် ယောက်ျားတို့လောက်ခြေလှမ်းမကျယ်နိုင်ကြပေရာ ယောက်ျားတို့လှည့်စားသလောက်ကို ထိထိရောက်ရောက် လှမ်းနိုင်ခြင်းမရှိပေ။ ယောက်ျားတို့သည် ယင်းအချက်ကို ကောင်းစွာသဘောပေါက်ထားကြသည်။ “ဒီလောက်မစုံစမ်းနိုင်ပါဘူး” ဟုသဘောထားကြသည်။ မိန်းမများက နဲနဲသံတယရှိလာလျှင် တကယ့်မျက်နှာထားဖြင့် ပိုမိုငြင်းဆန်ပြီး မဟုတ်ကြောင်း ထွက်ဆိုကြသည်။ (ဖင်ပိတ်ငြင်းခြင်း :P)
သို့ရာတွင်ထူးဆန်းသောအချက်ကား ယောကျာ်းတို့သည် မိမိတို့ကိုယ်တိုင်မည်မျှဆိုးသွမ်း ဖောက်ပြန်စေကာမူ မိမိရည်းစားအပါအ၀င် ဇနီးမယားဖောက်ပြန်မည်ကိုမူ အလွန်စိုးရိမ်သ၀န်တိုကြသည်။ ထို စိုးရိမ်သ၀န်တိုခြင်းမှာလည်း ချစ်လွန်းသောကြောင့်မဟုတ်။ ‘ငါ့ပစ္စည်းကိုလာ လု ရကောင်းလား’ ဆိုသော မခံချင်စိတ်ကြောင့်သာဖြစ်သည်။
ယောကျာ်းတို့သည် ဟုတ်ဟုတ်မဟုတ်ဟုတ် “ချစ်ပါသည် ၊ အလွန်ချစ်မိပါသည် ၊ အရမ်းချစ်ပါသည်၊ အရမ်းလွမ်းပါသည်” ဆိုသောစကားများကို ဆိုရန်အလွန်ကြိုးစားကြသည်။ ထိုစကားများသည် မိန်းမ တစ်ယောက်အတွက် မက်လုံးပင်ဖြစ်သည်။ အပြောအဆိုသာမက အမူအရာကလည်းတကယ့်ခံစားချက်ထက်ပင်ပိုဆိုးသည်။ အတု သည် အစစ်ထက်သာသည်ဆိုသောစကားကဲ့သို့ပင်ဖြစ်သည်။
တသက်တာ အရေးဖြစ်သော အိမ်ထောင်ဖက်ရွေးချယ်ရာတွင်လည်း ယောက်ျားတို့ရွေးချယ်ပုံမှာ အခြေခံအားဖြင့် (2) မျိုးရှိသည်။ (၁) ငွေ (သို့) ဂုဏ်ပြည့်စုံပြီးသားယောက်ျားတို့သည် ရုပ်ရည်နှင့် ကိုယ်လုံးလှသောမိန်းမများကို အများဆုံးရွေးကြသည်။ (၂) မိန်းကလေးသည် ရုပ်ရည်အားဖြင့် ပြောပလောက်အောင် မပြေပြစ်သော်လည်း အလုပ်အကိုင် အခြေအနေကလေး ၊ မျိုးရိုးကလေး အတော်အတန် ကောင်းလျှင် ဘာဘာညာညာမစဉ်းစားပဲ ရွေးချယ်ကြသည်ကိုတွေ့ရသည်။ 
အချို့ယောက်ျားများသည် အလွန်ကြောက်စရာကောင်းလှသည်။ မိန်းမရှေ့တွင် မိန်းမစကားကို တသွေမသိမ်းလိုက်နာပြီး နောက်ကွယ်ရာတွင် ထင်ရာစိုင်းတတ်ကြသည်။ မိမိအပေါင်းအသင်းထဲမှ မည်သူမည်ဝါသည် အရက်သောက်သည်၊ ဖဲရိုက်သည် ၊ မိန်းမလိုက်သည် စသည်ဖြင့် သိက္ခာချပြီး မိမိကိုယ်ကိုမူ ကောင်းကြောင်းပြောကာ ဂုဏ်ယူတတ်ကြသည်။ အမှန်တော့ ထိုယောက်ျားမျိုးမှာ ရိုးသရောင်နှင့်ဟန်ဆောင်ထားသောလူဆိုးပေတည်း။ သူသည် သတ္တိနည်းကာ လက်သီးပုန်းပြအနိုင်ယူတတ်သူလည်းဖြစ်သည်။ သူ့ကိုယ်သူ နည်းပရိယာယ်ကြွယ်ဝသော လူတယောက်ဟု ထင်နေမည်ဖြစ်သော်လည်း သေချာစဉ်းစားကြည့်လျှင် အလွန်သနားစရာကောင်းသောလူတယောက်သာဖြစ်သည်။ ယောက်ျားတယောက်တွင်ရှိရမည့် ရှင်းလင်းပြတ်သားသောအမြင်နှင့် တိကျပြတ်သား သော သဘောထားမရှိကြောင်း ထင်ရှားကာ ယောင်ဝါးဝါးလူစားသာဖြစ်သည်မှာ ငြင်းနိုင်မည်မဟုတ်ပေ။
မ တစ်ရာသား ထိုယောက်ျားများထဲတွင် ဆိုးသူများရှိသကဲ့သို့ ယောကျာ်းကောင်းများလည်းရှိသည်။ သူတို့သည် ယောက်ျားပီသသော သူများပင်ဖြစ်သည်။ ထိုသူများကို မိန်းမများပင် အတုယူထိုက်ကြ သည်။ စိတ်ရင်းကောင်းရှိကြသည်။ မဟုတ်မတရားကိစ္စကိုမပြုလုပ်။ ပညာတတ်လူတန်းစားတွင် ပါဝင်ကြသည် ။ ပညာဆိုရာတွင် အတန်းပညာအရ မြင့်မားခြင်းရှိချင်မှ ရှိမည်။ ဘ၀ပညာ မနိမ့်ကျ။ မနိမ့်ကြစေရန်လည်း အချိန်ရှိသရွေးကြိုးပမ်းကြသည်။ အများအားဖြင့်ယောက်ျားတို့သည် စိတ်ထဲသာယာမှုရှိသွားသည့် မိန်းမသားတစ်ယောက်ကို တွေ့လျှင် ဘေးပတ်ဝန်းကျင်ကိုမေ့ကာ  သမင်လည်ပြန်ကြည့်ချင်တိုင်းကြည့်တတ်ကြသည်။ တကယ့်ယောက်ျားတို့၏ စောင့်ထိန်းမှုနှင့်အကွာကြီးကွာသည်။ သူတို့ကိုကြည့်လျှင် ကျန်းမာသန့်ရှင်းပြီး ကြည်လင်တည်ငြိမ်အေးဆေးသည် ။ စကားကို ချင့်ချိန်ပြီး ပြောတတ်သဖြင့် အများအားဖြင့် စကားနည်းကျသည်။ တည်ငြိမ်သဖြင့် မသိသူများက မာနကြီးသည် ဟုပင်ထင်တတ်ကြသည်။ မြင့်မြတ်သောစိတ်ရှိသူများသည် မကောင်းမှု ဆိတ်ကွယ်ရာသို့ စိတ်အာရုံနှင့်ပင် အလည်အပတ်မသွားတတ်သူများဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့