Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 21 May 2012

မညီမျှတဲ့နင်နဲ့ငါ

ငါ...
ခြောက်ကပ်တဲ့ရယ်သံတွေ
အန်ထုတ်နေမိတယ်။
အသည်းကြွေမျက်ရည်စတွေနဲ့ပေါ့
တကယ်တော့နင်ဟာငါ့အတွက်
ရယ်စရာမကောင်းတဲ့ဟာသတစ်ပုဒ်ပဲ။
ဒါကို...
ငါ့အသည်းအိမ်ထဲမှာအချစ်တွေ
ပီပြင်စွာထုဆစ်ပြီးမှသိခဲ့ရတယ်။
ဘယ်မှာလဲ...
နွေးထွေးခဲ့တဲ့အကြင်နာတွေ
ပူပြင်းလောင်ကျွမ်းမှုတွေနဲ့အဆုံးသတ်ခဲ့။
ဘယ်မှာလဲ...
အေးမြခဲ့တဲ့မေတ္တာတွေ
မိုင်းနပ်(စ်)ပြနေတဲ့အပူချိန်လို
ရှင်သန်ခြင်းစိတ်ဝိညာဉ်ကိုနုတ်ယူစွမ်းနိုင်တဲ့
အေးစက်ခြင်းတွေနဲ့နိဂုံးချုပ်ခဲ့။
ဘယ်မှာလဲ...
အသက်တည်နေသရွေ့ခိုင်မြဲနေမယ့်
သစ္စာတရားတွေ
ပြောင်းလဲခြင်းဆိုတဲ့သင်္ခါရရဲ့အောက်
သိမ်မွေ့စွာဒူးထောက်ပြီး
အသင်္ချေအရှုံးတွေနဲ့ပြီးဆုံးခဲ့။
မိန်းမတစ်ယောက်ရဲ့ရှေ့မှောက်
ဒူးထောက်ဖို့ဝန်မလေးခဲ့သလို
သစ်စိမ်းချိုးလည်းချိုးရက်တဲ့နင့်ချစ်ခြင်းကို
ငါတမ်းတမနေတော့ဘူး။
ခွဲခွာခြင်းဆိုတဲ့ဒီလမ်းခွဲမှတ်တိုင်မှာ
မာနတစ်ခုအရင်းပြုလို့
ငါ့နှလုံးသားကိုအဆုံးစီရင်လိုက်မယ်။
စိန်လိုက်ချစ်သူ...
နင်ရွေးချယ်ခဲ့တဲ့လမ်း
နောက်လှည့်မကြည့်ဘဲဆက်လှမ်းသွားပါ
နောင်တဆိုတာမရှိကြစတမ်းပေါ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့