Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

အချစ်သူရဲကောင်းမလေးလား

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်ပုချုန်းဂျာယာဆူထရာမတ်ကွန်ဒိုမီဒီယံတွင် ၁၇ ရက်ည၁၁နာရီခန့် က အသက်
၂၁ နှစ်ခန့် ရှိ မြန်မာမိန်းကလေးတစ်ယောက် မိမိ အခန်းထဲတွင် ကိုယ်ကိုယ်ကို ကြိုးဆွဲချသတ်သေမှုတစ်ခုဖြစ်ခဲ့ပါ
သည်ထိုမိန်းကလေးသည်မျက်နှာကျက်ပန်ကာတွင်ကြိုးချည်ကာခုံပေါ်တက်ပြီးမိမိလည်ပင်းကိုကြိုးကွင်းစွပ်ကာ
သတ်သေခြင်းဖြစ်ပါသည်။ သူမ မသေခင် ကွန်ဒိုတစ်ခုထဲတွင် အတူတူနေကြသောယောကျာင်္းလေးသူငယ်ချင်းများ
အား ဖုန်းဆက်ကာ ဘိုင့်ဘိုင်ဟု`ုနှုတ်ဆက်ခဲ့ကြောင်းကြားသိရပါသည်။ ထိုယောင်္ကျားလေးသူငယ်ချင်းများက
 ထိုသို့ နှုတ်ဆက်သည်ကိုမသင်္ကာသဖြင့် ထိုမိန်းကလေးနေသောအခန်းသို့ သွားရောက်သောအခါ အခန်းထဲတွင်
သီချင်းသံကြားနေရသည် ဟုပြောကြသည်တံခါးကိုထုသော်လည်းတံခါးထွင့်မပေးပေ ။ထို့ နောက်ထိုကောင်မလေး
နှင့် အတူနေကြသောသူငယ်ချင်းများကိုဖုန်းဆက်ခေါ်ပြီး တံခါးကိုဖွင့်ကြည့်သောအခါမှ ကြိုးဆွဲချသတ်သေ
ကြောင်းတွေ့ ရှိရတော့သည်။ ထိုသူငယ်ချင်းများအခန်းတွင်းသို့ ရောက်သောအခါ ကောင်မလေးမှာကြိုးတန်း
လန်းနှင့် ဇက်ကျိုးသေနေပြီဖြစ်သည်။သီချင်းကိုလက်တော့ကွန်ပြူတာနှင့် ဖွင့်ထားခဲ့ပြီးကြိုတင်ကြံစဉ်ကာ
မိမိ ကိုယ်ကိုယ် အဆုံစီရင်ခဲ့ခြင်းဖြစ်သည်။


လက်တော့အနီးတွင် စာရေးထားခဲ့သည်မှာ သူချစ်သောကောင်လေးကိုဘ၀တစ်သက်စာရည်ရွယ်ပြီးချစ်ခဲ့ကြောင်း
 သို့ သော်ကောင်လေးမှထိုကောင်မလေးကိုအဆက်ဖြတ်ကာတစ်ခြားကောင်မလေးတစ်ယောက်ကိုချစ်သွားသော
ကြောင့် အသဲကွဲဝေဒနာကိုမခံစားနိုင်တော့သဖြင့် ယခုကဲ့သို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရေး
သားထားသည်ကိုတွေ့ ရှိကြရသည် ။။။ွ္မှဤကဲ့သို့ သတင်းမျိုးကို ကျွန်တော် မပြောချင်ပါ ရေးလည်းမရေးချင်ပါ ။
ထိုကောင်မလေးသည် သူ့ ကိုယ်သူ အချစ်သူရဲကောင်းမလေးအဖြစ်မှတ်ယူကာ အဆုံးစီရင်ခဲ့ခြင်းပေလော
သူကိုယ်တိုင်ပဲသိပေမည် ။ ကျွန်တော်ပြောလိုသည်မှာအချစ်သည်မရှိမဖြစ်ဆိုသည်မှာဝန်ခံပါသည် ။


သို့ သော်မြန်မာမိန်းကလေးများ စဉ်းစားဆင်ခြင်စေလိုပါသည် ။ယခုခောတ် ယောင်္ကျားလေး ။။ မိန်းကလေး
များသည် မျက်နှာများတတ်ကြပါသည် ကိုယ်တိုင်လည်းတွေ့ မြင်နေရပါသည် ။ မိဘများကတော့ ဤသတင်း
ကိုမသိသေးလျှင် ငါ့သမီးလေး နိုင်ငံခြားမှာအလုပ် လုပ်နေသည်ဟုပင်ထင်နေပါမည် ။ လူတစ်ယောက်ဖြစ်
လာဖို့ ခက်ခဲပါသည် မိခင်က ၉ လ လုံးလုံးလွယ်ထားကာ အသက်နဲ့ ရင်းပြီးမွေးပေးခဲ့သောကျေးဇူးတရားကို
၅ မိနစ်ခန့် အချိန်ကလေးနှင့် ကိုယ့်ကိုယ် ကို အဆုံးစီရင်ပြီး ကျေးဇူးဆပ်လိုက်တာလား ။ တကယ်ကိုရင်နာစ
ရာပါပဲ ။ အချစ်သည်ဘ၀အတွက်လိုအပ်တာမှန်ပါသည် ။ဤကဲ့ သိုအသက်ကိုပေးကာမိုက်ရူးရဲဆန်ပြီးမချစ်
သင့်ပါ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ကြစေချင်ပါသည်။မိမိချစ်သူကိုလည်း ဘယ်လိုယောင်္ကျားမျိုးလည်း
ဆိုတာ သေသေခြာခြာ လေ့လာအကဲခတ်ပြီးမှ ချစ်သင့်သည်ဟုထင်ပါသည်။ မိန်းကလေးများ အထူးသတိ
ထား ပါ စဉ်းစားကြပါ ။ ကျွန်တော်ပြောပြပါမည် ။ ဤကဲ့သို့  မိန်းကလေးတစ်ယောက်အလဟသတ်အသက်
ဆုံးရှုံးသွားလျှင် လောကအတွက်တော်တော်နစ်နာပါသည် လူတစ်ယောက်အသက်ရှင်လျှက်ရှိနေသေးလျှင်
မိဘ အကျိုး အများအကျိုး လောကအကျိုးမည်သည့်နေရာအတွက်ဖြစ်စေ သယ်ပိုးထမ်းရွက်နိုင်ကာ
ထိုက်သင့်သလောက်အကျိုးရှိနေမည်ဖြစ်ပါသည်။ ကျွန်တော့် ရင်ထဲမှာတော့ မိန်းကလေးတစ်ယောက်အကျိုး
မဲ့ဆုံးရှုံးသွားလျှင် လောကကိုအကျိုးပြုနိုင်သော သားကောင်းသမီးကောင်းများကို မွေးထုတ်ပေးနိုင်သော မိခင်
တစ်ယောက်ဆုံးရှုံးသွားသကဲ့သို့ ခံစားရပါသည် ။ ထို့ ကြောင့် မြန်မာမိန်းကလေးများအနေနှင့် ကိုယ့်ကိုယ်ကို
တန်ဖိုးရှိသော မြင့်မြတ်သော မိန်းကလေးဘ၀ကို အချစ်တစ်ခုတည်းအတွက် ရှေ့ တန်းမတင်ပဲ အစစအရာရာ
 သတိတရားဖြင့် စဉ်းစားဆင်ခြင် တွေးခေါ်ဆုံးဖြတ်ကာ ဘ၀ ကိုလျှောက်လှမ်းကြပါလို့ ပြောကြားရင်း
ဤသတင်းဘလော့လေးကို နိဂုံးချုပ်ပါရစေ ။။။။။။။။။။။



သူငယ်ချင်းများကို ချစ်ခင်လေးစားလျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့