Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

တစ်ယောက်တည်းသာ...

ကျောပိုးအိတ်တစ်လုံးနဲ့
လမ်းမထက်ပေတရာမှာ
ဂီတာတစ်လုံးကိုကိုင်
လေလွင့်ကာ
လျှောက်လှမ်းနေမိတယ်...။
ဖြစ်ချင်တာတွေမဖြစ်ရလို့
အိပ်မက်တစ်ခု
ပျက်ပျယ်သွားသလို
စိတ်ပျက်စွာနဲ့
အင်ယားကန်ဘောင်ပေါ်တက်
ခုံတန်းတွေနေရာအပြည့်
နေစရာမရှိတဲ့ ကျွန်တော်..
လူသွားလမ်း လေးမှာတင် ငုတ်တုတ်ထိုင်လို့
ဂီတာ ကြိုလေးကို ထိုင်ညှိလိုက်မိတယ်..။
အလွမ်းသီချင်းတွေကို ညည်းညူး
မျက်စိကို မှိတ်
ခံစားချက်တွေကို
ပေါက်ခွဲလိုက်ချိန်မှာ
ဘာတွေဖြစ်ကုန်မှန်းမသိ
လက်ခုပ်သံအချို့နှင့်
ကျွန်တော်ကျော်ပိုးအိတ်လေးပေါ်ကို
ပိုက်ဆံ အချို့က....ရောက်လာခဲ့တယ်..။
ဒေါသက မိုးထိအောင်ထွက်လိုက်ပေမယ့်
လက်ခုပ်သံ လူတွေကိုပြည့်ကြည့်မိပြန်တော့
ပေးထားတဲ့ပိုက်ဆံလေးတွေကိုကောက်
ရင့်ကျက်မူ တစ်ခုကိုရ
ကျောပိုးအိတ်ကိုလွယ်
ဂီတာလေးကိုထမ်း
ပြန်ခါနီးမှာတော့
သီချင်းတစ်ပုဒ်ဆုံးအောင်နားထောင်ပေးသွားတဲ့ သူအချို့ကို
ကျေးဇူးတင်ရင်းနဲ့
အပြန်လမ်းမှာတော့
ဒေါသ အတ္တ မာန တွေ ကင်းစင်နေခဲ့တယ်....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့