Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

သတိမမေ့အောင်

ညီမလေး ခုနှစ်တန်းတုန်းက သီရိဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တစ်ခုံထဲမှာ
ဘေးချင်းကပ်ထိုင်ပြီး ပညာသင်ယူခဲ့ရတယ်။
သီရိက အားကြီး သတိမေ့တတ်တာပဲ
ကျောင်းတက်ရက်  တော်တော်များများ စာရေးဖို့ ဘောပင်မပါဘူး
တစ်ချို့ရက်တွေမှာ တစ်ချို့ဘာသာတွေအတွက် ပုံနှိပ်တို့၊ မှတ်စုစာအုပ်တို့ မပါဘူး
ကြာတော့ သူ့ငှားဖို့ ဘောပင်အပို ၀ယ်ထည့်ထားရတယ်
ဗလာစာအုပ် အသစ် နှစ်အုပ်သုံးအုပ် အပို ထည့်ယူလာရတယ်
သတိပေးလည်း မရပါဘူး ..ဆပ်ပြာဆပ်ပြာနိုင်တာက တစ်ကြောင်း၊
သူ့အိမ်ကလည်း သူ့ကို စိတ်ဝင်စားမှု့၊ သွန်သင်မှု့နည်းတာက တစ်ကြောင်းဆိုတော့
အမြဲ တော်အောင်ယောင်အောင်နဲ့ တစ်ခုမဟုတ် တစ်ခုမေ့တာပါပဲ
သူ့အကြောင်း ဆရာ၊ ဆရာမတွေ သိကုန်တော့ ဆုံးမသွန်သင်ကြပါတယ်
အတန်းပိုင်ဆရာမ ဒေါ်နီနီလွင်ဆို တော်တော်ကို ဂရုစိုက် ပြင်ပေးပါတယ်
ခွေးမြှီးကောက် ကျည်တောက်စွပ်ပဲ ... ခဏပဲ
ပြီး ... ပြန်ပြီးတော့ မေ့တော့တာပါပဲ
အဲဒီ သီရိကို ဆရာမ ဆုံးမတော့ ကြားဖူးတာပဲ
"လယ်ထွန်သွား နွားမေ့" တဲ့
ကဲ ... စဉ်းစားသာ ကြည့်ကြပါတော့ ...
လယ်ထွန်ဖို့ သွားပါတယ်ဆိုမှ နွားမေ့နေခဲ့တယ်ဆိုတာ
ကိုယ်ဘာသာကိုယ် တံပိုးတတ်ပြီး ရုန်းပါလား ... ထွန်ပါလားလို့သာ
အရွဲ့တိုက်ပြီး ပြောလိုက်ချင်တော့တယ် ... တဲ့
ဆရာမက အပြောကောင်းတော့ မှတ်မိနေတယ်
စစ်တိုက်သွားတယ်ကွာ ...တဲ့
စစ်သားက သေနတ်တို့ ... လက်နက်တို့ မေ့နေခဲ့ရင်
ဘယ်လိုလုပ်ကြမလဲ... တဲ့
အင်း ... အရွဲ့တိုက်ပြီး ပြောလိုက်ရဦးမလား
လက်နက်မပါ ... ကုန်းကိုက်ပေါ့လို့လေ ... တဲ့
မင်းတို့ ကျောင်းသားကျောင်းသူတွေ စာသင်လာတာ
စာရေးစာဖတ်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ မေ့နေခဲ့ရင် ဘယ်လိုလုပ်ကြမလဲ
ကိုယ့်ခေါင်းထဲမှာထည့်ပြီး အာရုံလေးထားမှပေါ့လို့ ဆုံးမခဲ့ပါတယ်
တစ်တန်းလုံး တဟားဟားနဲ့ပဲ ... သီရိကို ... ဆုံးမနေတာပေါ့လေ
ကိုယ်နဲ့ မဆိုင်သလိုပဲ
အသက်ကြီးလာတော့လည်း သတိမမေ့ဖို့က ပြောတော့သာ လွယ်တာပါ ...
ညီမလေးတို့ နေ့စဉ်ဘ၀မှာ ဒီလိုပဲ မေ့မေ့နေတာလေးတွေ
ခရီးသွားဖို့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေထည့်တယ် ... သွားပွတ်တံ မေ့နေခဲ့တယ်
ကားသော့ မဖြုတ်ဘူး ကားတံခါး lock ချပစ်လိုက်တယ်
မင်္ဂလာဆောင် ၀တ်စားပြင်ဆင်ပြီးသွားတယ် ... အိမ်စီး ဖိနပ်စုတ်မလဲမိဘူး
နေမကောင်းတဲ့အခါ အချိန်မှန် ဆေးမစားမိဘူး
site တစ်ခုထဲဝင်တယ် ... မသုံးတော့ရင် ... sing out  မလုပ်မိဘူး
ရေးရရင်တော့ အများကြီး နေမှာပါပဲ
ကိုယ့်ကိုကိုယ် ထိခိုက်နစ်နာလောက်အောင် မမေ့ရင် တော်သေးတယ် မှတ်ကြရတာပါပဲ
အောက်က ဟာသလေးထဲက အဖြစ်ကတော့ ဆိုးသလားလို့
........................................
စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ ၀င်လာပြီး
တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရ ကြည့်သည်။
လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။
ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရှာသည့်ပစ္စည်းကို မတွေ့ချေ။
ထိုအခါ အမျိုးသမီးငယ်က ဆိုင်ရှင်ကို ပြောသည်။
"ကိစ္စမရှိပါဘူး၊
ကျွန်မတို့ နောက်တစ်ခေါက်လာခဲ့မယ်၊
ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူး ထည့်ယူလာဖို့ မေ့သွားတယ်"

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့