Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

ချစ်လို့နေမိသည်

``ချစ်လို့နေမိသည်``
ရင်မှာမြတ်နိုး တိတ်တခိုးနှင့်
ကြိတ်ပိုးခဲ့ရ နှစ်လရှည်ကြာ
တောင်းတလာသည့် ကြောင့်ကျမှုကင်း
လွတ်လပ်ခြင်းကို ဘယ်သူချေဖျက်
သွေးစက်စက်ကျ နှိပ်စက်ကြလည်း
အမှန်တရား ဂုဏ်အင်များက
ပျောက်ကွယ်မသွား နောင်နှစ်များစွာ
ဆက်လက်ရှင်သန် ရိုးရာဟန်နှင့်
တည်တံ့ခိုင်မြဲ ရှိနေဆဲ...
ဘေးပတ်ဝန်းကျင် လှမ်းမြင်တွေ့ရ
အားကျစရာ နည်းပညာဖြင့်
ဖန်တီးတည်ဆောက် ခေတ်သစ်ရောက်ချိန်
မှေးမှိန်ဖျော့တော့ အားခွန်လျှော့လျှက်
နွမ်းလျှက်ခွေယိုင် ခွက်စုတ်ကိုင်၍
သိမ်ငယ်ဇာတ်ခင်း မြန်မာမင်းကြောင့်
နောင့်နှေးခဲ့သည့် ပညာရေးဂုဏ်
ရှိန်ဟုန်မြင့်မား ကမ္ဘာသားတို့
သိကြားစေဖို့ ထမ်းရွက်စို့...
နိုင်ငံတကာ သတင်းလွှာတွင်
စက်မှု၊လက်မှု၊ကုန်သွယ်မှုနှင့်
တီထွင်ကြံဆ ကျော်ဇောကြသူ
များပြည်သူထဲ မြန်မာမပါ
ဘယ်ကမ္ဘာသို့ ရောက်ခဲ့သော်လည်း
ဆင်းရဲမှုနှင့် မင်းဆိုးသတင်း
ထိပ်ဆုံးစာရင်း ၀င်ခဲ့ခြင်းသည်
ကမ္ဘာ့အလယ် ရင်နင့်ဖွယ်မို့
ရှက်မိပါ၏ အများသိ...
ပြည်သူပြည်သား ဆန္ဒများနှင့်
မျှော်မှန်းရောင်နီ လင်းရောင်ခြည်သည်
များမကြာမှီ ထွန်းတောက်တော့မည်
တိုင်းပြည်ကောင်းစား ငါတို့များလည်း
ချစ်သောမြန်မာ စွန့်ခွာကာဖြင့်
ချစ်ခွင့်ပန့်ကြား တိုင်းတပါးထံ
ငွေကြေးရှာရန် `မိ`ဝေး`ဖ`ဝေး
အာလုံးဝေးလျှက် ခွဲမနေရ
ပြန်ကြရမည် မြန်မာပြည်
ချစ်လို့နေမိသည်
ပြည်ချစ်စိတ်ကြောင့် ခံပြင်းမှုများပေါက်ဖွားခဲ့ရပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့