Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 25 May 2012

♥♥♥...... ခွင့်ပြုပေးရင်းးးးးးးးခွင့်လွှတ်ပါ..........♥♥♥

♥မင်းဆီကို ရောက်အောင်လာဖို့………
ကိုယ့်ခြေလှမ်း တွေကို ခွင့်ပြုပါ ။

♥မင်းရဲ့အပြုံးတွေကို ဖန်တီးပေးဖို့
ကိုယ့်ပျော်ရွှင်ခြင်းတွေကို ခွင့်ပြုပါ ။

♥မင်းစိတ်ချမ်းသာဖို့…..
ကိုယ့်ရဲ့အပြုအမူတွေကို ခွင့်ပြုပါ ။

♥မင်းစိတ်မပျက်စေဖို့…..
ကိုယ့်ရဲ့လိုအပ်ချက်တွေကို ခွင့်လွှတ်ပါ ။

♥မင်း အထင်မသေးစေဖို့…..
ကိုယ့်ရဲ့ အိနြေ္ဒသိက္ခာတွေကို ခွင့်လွှတ်ပါ ။

♥မင်း ရဲ့ အချစ်တွေကို လိုချင်လို့……
ကိုယ့်ရဲ့ဖြူစင်ခြင်းတွေကို ခွင့်ပြုပါ ။

♥မင်း နောင်တမရစေဖို့ ….
ကိုယ့်ရဲ့ မာနတွေကို ခွင့်လွှတ်ပါ ။

♥မင်း မမြင်စေချင်လို့
ကိုယ့်မျက်ရည်စက်တွေကို ခွင့်လွှတ်ပါ ။

♥မင်း မနာကျင်စေချင်လို့
ကိုယ့်ရဲ့ ရှောင်ပြေးခြင်းတွေကို ခွင့်လွှတ်ပါ ။

♥မင်း အေးချမ်းပျော်ရွှင်တာပဲ မြင်ချင်လို့….
ကိုယ့်ရဲ့ စွန့်လွှတ်ချစ်ခြင်းတွေကို ခွင့်လွှတ်ပေးပါ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့