Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 18 May 2012

လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ)

လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ)

ဟင်္သာတမြို့ 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် ပညာရေးမှူးရုံးမှ မူလတန်းပညာရေး
ဝန်ထမ်းတစ်ဦးလျှင် 100%နှုန်းဖြင့် 2010 ဇန်န၀ါရီလမှစပြီး လစဉ် ရုံးထောက်ပံ့ 
ငွေဖြတ်တောက်ခဲ့ ပါတယ်။

မူလတန်းပညာရေးဝန်ထမ်း 2000 ကျော်ရှိပါတယ်။ အငြိမ်းစားယူသွားသော

ရုံးအုပ်စာရေးကြီး၏ ကြွေးကျန် 6 သိန်းကိုလည်းဝန်ထမ်းများထံမှဖြတ်တောက်ခဲ့ 
ပါတယ်။

ရုံးကုန်ကျစရိတ်များဖြစ်သော တယ်လီဖုန်း ကွန်ပြူတာမှတ်တမ်းနှင့် ခရီးစရိတ်များ

လည်းကောက်ခံခဲ့ ပါတယ်။ 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်ပြောင်း
မည်ဖြစ်ရွေ့ ရုံးထောက်ပံငွေပုံမှန် 100%အပြင်အခြားဖြတ်တောက်မှူ့ များရပ်တန့် ရန်
စုပေါင်းတင်ပြသော်လည်း 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်မှ
တစ်ဦးလျှင်230 နှုန်းကောက်ခံခဲ့ ပါတယ်။ မတ်လတွင်300၊ကောက်ခံသည့် အပြင်
ဧပြီလတွင်700နှုန်းကောက်ခံခဲ့ ပါတယ်။

အဆိုပါ ရုံးထောက်ပံငွေ ကောက်ခံမှုတွေကို ရပ်ဆိုင်းပေးစေလိုကြောင်း ဟင်္သာတ

မြို့ မှ မူလတန်းပညာရေးဝန်ထမ်းများ က Myanmar News Now ကို ပြောဆိုထား
ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့