( မေ့ လိုက်တော့ မယ်)
ချစ်သူ.....
အသစ်လူစကား
နင်ယုံစားလို့ 
ထားခဲ့ လေသလားငါ့ ကို
ဘာမဆိုငါအလိုလိုက်ခဲ့ တာ
နင်အသိပါဟယ်နော်.....
ချစ်သူ....
အပူတွေနင်ယူပေးလို့ 
ဝေးဝေးကိုပြေးမထွက်ခင်မှာ
ငါတို့ ရဲ့ ပျော်စရာနေ့ ရက်ကလေးတွေ
တွေးတွေးလို့ ငါကပျော်
အော်အဖေါ်ဆိုတာမရှိမှ
ထိရှလို့ သိရတဲ့ အထီးကျန်မှု
အခုတော့ လေငါ့ မှာအမူးမပြတ်
ရူးမတတ်ရအောင်ပါဘဲလား ကလေးရယ်........
ချစ်သူ....
အပြစ်ယူလို့ နင်ကပြေးပေမဲ့ 
ဈေးသယ်ဆိုတာ
ဈေးဝယ်လာသူမျှော်ရသလို
အချစ်ငတ်သူဟာ
ချစ်တတ်ခဲ့ သူနင့် ကို
ကြိုဆိုခဲ့ မိတာ ငါဘဲမှားခဲ့ လေသလား........
ချစ်သူ....
ထားပါတော့ 
ခြားနားတဲ့ ဘ၀နှစ်ခု
ငါဘာကြောင့် နားမလည်ခဲ့ သလည်း
တရစ်ဝဲ၀ဲနင့် အချစ်ထည်းမှာ
ငါနစ်မြှုပ်နေခဲ့ လေလို့ လား
မတားပါဘူးသွားပါတော့ ချစ်သူ
အသစ်လူနဲ့ နင်ကရှုပ်
ဒုက္ခနဲ့ ချိုနေတဲ့ ငါ
စိတ်အထာခ၀ါချလို့ ရယ်
အတိတ်နာမှန်သရွေ့ 
မေ့ လို့ ဖြင့် ထားလိုက်တော့ မယ်
တနေကွယ်သေနယ်သို့ မကူးခင်ထိ..............
No comments:
Post a Comment