Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ..စိတ်လေးနှင့်သာကြည့်လိုက်ပါ.

○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ.........စိတ်လေးနှင့်သာကြည့်လိုက်ပါ....။○○
သင်ခါရ အနိစ္စ အချိန်ဆိုင်းလို့မရပါ ကိုယ့်ကို့ကိုသနားပြီးကိုယ့်ကိုကယ်တင်တဲ့အလုပ်ဟာ အရေးကြီးဆုံးအလုပ်ပါ၊သေရမှာသိတယ် သေရမဲ့အချိန်မသိဘူး ဘယ်ကလာလည်းမသိဘူး ဘယ်သွားရမလည်းမသိဘူး။ လာရာကိုမသိပေမဲ့ ဘယ်သွားရမလည်း သိအောင်လုပ်ပေါ့ လာရာမသိပေမဲ့ သွားရာတော့သိရမှာပေါ့..........................................။
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည် သေမင်းစားဖတ်ဝါးဖတ်။
သေမင်းခေါင်းစင်းအပ်ရမည်။ သေမင်းဆီခန္ဓာဝန်ကိုအခွန်ဆက်ရမယ် အချိန်ပိုင်းသာလိုတော့သည်
တစ်ယောက်နှင့်တစ်ယောက် အချိန်ပိုင်းသာလိုတော့သည့်သေခါနီးများ စကားများရန်ဖြစ် မတည့်ကြပါဘူး သေခါနီးနေကြသည့် သူများသေကံဝေးများကိုငဲ့နေကြသည်
သားငဲ့ မြေးငဲ့ သမီးငဲ့ စီးပွားရေးငဲ့ အစဉ်တိုင်းသာသေကြမည်ဆိုရင် သေခါနီးက အသေလွတ်သောအလုပ်လုပ်ဖို့ရာဝေးနေကြသည် ။ ရေထဲနစ်လို့မရဏရေလွမ်းမိုးပါးစပ်နားရောက်နေသောသူများက ကုန်းပေါ်မှလူများကိုစိတ်မချပဲကုန်းပေါ်မှ သေကံဝေးကိုရေထဲကလူမှစကားပြောနေသည် ကုန်းပေါ်မှာသွားလိုရာသွားနေထိုင်နေသည့်သူများကို သေခါနီးကစိတ်မချမှာနေသည် မိုက်သည့်အပေါ် အရူးထပ်ပေါ်နေကြသည် တဏှာကရှေ့နေလိုက်နေသည် မင်းမပြုဘယ်သူပြုမလည်း ကစင့်ကလျှား ဖြစ်လိုက်မည် စိတ်မချပူပန်နေသည် ငါလိမ်မာလား ငါမိုက်တာလား နဖူးပေါ်လက်တင်စဉ်းစားပါ စိတ်မချ ဖြစ်နေသမျှ အင်မတန်မှဆိုးဝါးပါသည် သေခါနီးကိုအရူး မသာချရမည်။
မိမိနှင့်သက်ဆိုင်သော သူများကို ကိုယ်များပူလား ချောင်းများဆိုးလား အစဉ်မှပြေလား အိပ်ပျော်နေသူကို ထိတ်စွာပူပန်တတ်နေသည် သေရာ ညောင်စောင်းလျှောင်းစက်ရမှ ကိုယ်တစ်ယောက်တည်းမြင်ရသည့် ကိစ္စ ကိုယ်တိုင်တွေ့လာလိမ့်မည် သေခါနီးဇော သေရာကိစ္စ လမ်းဆိုးကြီးလား လမ်းကြမ်းကြီးလား ကိုယ်သာ မရဏဇော ကိုယ်သာမြင်ရမည် ကိုယ်အနေဆိုးနေခဲ့သမျှ ကိုယ်သာအသေဆိုး မရဏဇော မသေခင်ကိုယ်သာမြင်ရမည်။
ခန္ဓာအိမ်ပေါ်တွင်ဥာဏ်နှင့် သေခါနီး လူတက်တက်ကြပါ
သေခါဝေး အတွက် စဉ်းစာနေသမျှ ခန္ဓာအိမ်ပေါ်ခွေးတက်တက်နေသည်....။
ခိုင်းတာလုပ်ပြီး ပြောတာနားထောင်နေသမျှ ဥာဏ်နှင့်မစဉ်းစားတတ်ပါ
ကိုယ်ပိုင်အသိနှင့် ကိုယ်ပိုင်ကြည့်ပြီး ကိုယ်တိုင်သိအောင်လုပ်ပါ ဥာဏ်နှင့်စဉ်းစားပါ။
ကိုယ့်ကို ကိုယ် ကယ်တင်ပါ။
ဝိပသနာရှုပါ ကိုယ့်ကိုယ်ကို ကိုယ်ရှုကြည့်ပါ
ကိုယ်လုပ်သောအမှု့ကို ကိုယ်တိုင်သာ ဥာဏ်နှင့် ကြည့်တတ်မြင်တတ်ပါ
အဆိုးပါသလား အကောင်းပါသလား ကိုယ့်အသုဘကိုယ်သာရှုမြင်ကြည့်ပါ။
ရေတွက်လို့မဆုံးနိုင်သော ဘ၀များစွာကို လမ်းသိအောင်ကြည့်တတ်ပါစေ
ပြောတတ်သောဆရာသမား အမှန်တွေ့ရှိပါစေ
တရားမှန်ဥာဏ်အသိနှင့် နားထောင်တတ်သောသူဖြစ်ကြပါစေ
မိမိဝန် မိမိကိုယ်ထက် သူတပါးဝန်ကို လောဘ ဒေါသ မောဟ စိတ်ဖြင့် ထမ်းနေရသော လောဘ ဒေါသ မောဟ ၀န်ထမ်းသမားများ ခန္ဓာဝန်ထမ်းနေသော သူများအတွက်လက်ဆောင်မွန်
မိုးကုတ်ဆရာတော်ဘုရာကြီးဦးဝိမလ၏.............
ကြားနာမိသောတရားကို သိသမျှ မျှဝေပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့