Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 21 May 2012
ဟာသအပိုင်းအစများ
**************************************
သိစေချင်လို.
“မိန်းမရေ … ကိုယ့်သူငယ်ချင်းကို အိမ်မှာညစာစားဖို့ ဖိတ်ခဲ့တယ်ကွာ။”
“ဘာပြောတယ် … ရှင်ဟာလေ တော်တော်ခက်ပါလား … အိမ်မှာဒီလောက် ရှုပ်ပွနေတာ၊
ပြီးတော့ ကျုပ် ဈေးလဲမ၀ယ်ထားဘူး။ ဟင်းကောင်းကောင်းချက်ဖို့လဲ
မအားဘူး။“သိပါတယ်ကွာ …”
“ဒါဆို ဘာလို့ ထမင်းစားဖိတ်ခဲ့ရတာတုံး …”
“သြော် …. ဒီကောင် မလည်မ၀ယ်နဲ့ မိန်းမယူဖို့ စိတ်ကူးနေလို့ဟေ့ ….”
*****************************
မင်းမှမရှိပဲ
သူငယ်ချင်းနှစ်ယောက်  ညကမက်သော  အိမ်မက်အကြောင်း
အပြိုင်အဆိုင် ပြောနေကြရာ တစ်ယောက် ကငါဂျပန်နိုင်ငံကို ယောက်သွားပြီး
မိုးပျံရထားကြီးစီးပြီးပျော်မြူးခဲ့ ရပုံများကိုပြော
ပြသဖြင့်နောက်တယောက်ကမင်းအိမ်မက်ထက်ငါ့အိမ်မက်က
ပိုကောင်းတယ်ကွ ၊ ငါနဲ့ ကိုရီးယား   မင်းသမီးလေး  အွန်စော
သံကြား လို့ ထဖွင့် လိုက်တဲ့ အချိန်မှာ ဘယ်သူလဲ သိလား ၊ကိုရီး
ယားမင်းသမီးလေး ဘိုရာ ဖြစ်နေပြန်ရော ဟုပြောလိုက်သဖြင့် 
သူငယ်ချင်းက မချင့် မရဲဖြစ်ကာ.......
မင်းကလည်ကွာမင်းကြတော့ ဘယ်တစ်ယောက်ညာတစ်ယောက်
နဲ့ ငါ့ ကိုကြတော့  တချက်တောင်လှမ်းခေါ် ဖော်မရဘူး ၊ ဘာကွမင်း
ကို ငါသတိရ လို့ ဖုန်း လှမ်းဆက်ပါသေးတယ်မင်းဂျပန်ကိုသွားတယ်
ဆိုပြီးမင်းအိမ်က ပြောလိုက် လို့ ကွ ။
********************
မေးတာကိုပဲဖြေပါ
တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့
အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့
တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့
မျဉ်းကျားက မကူးရတာလဲ ”
“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေ တော့
ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း
နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ
အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်။ ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊
မစိန်ကြည်ရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊
သူတို့က ”“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက
လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”“
ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို
သက်သေပြနေတာပါ၊ကိုခွေးဆိုင်မှာ သောက်တုန်းက ကို အုန်းမောင် ပါ ပါတယ်။
ကျွန်တော်မျိုး မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ
သူသိပါတယ်။ ကျွန်တော်မျိုးနဲ့ ကိုအုန်းမောင်နဲ့ ငါးမျှားတုန်းက အဲသလို
ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့
ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ
အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင်
တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ လူရွှင်တောကိုဒီပါ သိပါတယ်။ သူက ကိုရွှေဆီက
အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်
ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း တတ်တူဆို ညမှောင်တာနဲ့ အိမ်ပြင်တောင်
မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ တတ်တူ တို့ အိမ်နဲ့များ
နီမလားလို့...လို့ ...”တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့
******************************
ချွေတာလိုက်ပုံများ
ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း
မီးဖိုချောင်ဘက်သွားပြီးရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။
ထို့နောက် မိန်းမကိုလက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်
ချားသွားသည်။ ဘာကြောင့်ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ
စားစရာနည်းနေလို့ နေမှာပဲ။
နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့
ဖြည့်ထားသည်။ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း
မီးဖိုထဲဝင်ပြီးရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို
လက်သီးစာကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။
ဘီယာမရှိလားလို့များလား။မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ
ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင်
သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။ ကိုချူချာပြန်လာသည်။
မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ
ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ
အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။
မိန်းမဖြစ်သူမအောင့်နိုင်တော့ဘဲ မေးလိုက်သည်။"ရှင်ဘာဖြစ်လို့ ကျွန်မ
ကိုရိုက်ရတာလဲ" "မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"
*******************************
နည်းလမ်းကောင်း
ဆေးခန်းတစ်ခုတွင် လူနာနှင့် ဆရာဝန် အပြန်အလှန် စကားပြောနေကြသည်။ဒေါက်တာ
ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေ နေ့စဉ်နဲ့အမျှကျွတ်နေတော့ ကျွန်တော့်မှာ
ဘာလုပ်ရမှန်းမိဖြစ်နေပါတယ်။ ဆံပင်မကျွတ်စေတဲ့ ဆေးများရှိရင်
ပေးပါလားခင်ဗျာ
ခင်ဗျားမှာ ဘယ်လောက်တောင်ကျွတ်လို့လဲ
ဒေါက်တာမြင်တဲ့အတိုင်းပါပဲ။ တစ်ခေါင်းလုံးလိုလို ပြောင်တော့မယ်
ဒေါက်တာဆံပင်မကျွတ်စေတဲ့ ဆေးတော့မရှိဘူး။ ဆံပင်တစ်သက်လုံး မကျွတ်တဲ့
နည်းတော့ရှိတယ်။ ဒါပေမဲ့ အဲဒီနည်းကို
ခင်ဗျားတစ်ပတ်တစ်ခါကျင့်သုံးရမယ်ထိုလူမှာ ဝမ်းသာအားရဖြင့် -
ဟာ ဆံပင်မကျွတ်စေတဲ့ နည်းဆိုရင် တစ်ပတ်တစ်ခါ မဟုတ်ဘူး။ တစ်
ရက်တစ်ခါ သုံးဆိုလည်း သုံးပါ့မယ် ဒေါက်တာရယ်။ အဲဒီနည်းသာ
မြန်မြန်ပြောပါတော့လားတစ်ပတ်တစ်ခါ ခေါင်းတုံးတုံးပါခင်ဗျာ
**************************
ဖြစ်ရလေကွယ်
ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။
***************************
မင်းတို.သိရဲ.လား
နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့....နွားသိုး ၃ကောင်က
ခွဲတန်နဲ့နွားမတွေကိုပိုင်ကြတယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်ူ
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့
တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွ
ားသိုတစ်ကောင်ထပ်ဝယ်တော့
နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး.....
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ်
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ်
နွားသိုး ၃ကောင်လန့်သွားတာပေါ့   ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀
ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ  အလတ်ကောင်ကလည်း အေငါလလည်း ၁၀
ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်.....ဒါနဲ့
အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့