Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

ကိုယ်လိုရာခရီး ပန်းတိုင် တစ်ခု♥

လူတစ်ဦးတစ်ယောက်မှာ ခံယူချက်တစ်ခုတော့ ထားရှိရမယ် မလျှော့သောဇွဲ

လုံ့ လ ၊ စိတ်ဓါတ်ကိုကြံ့ကြံ့ခံရင်း


ဘုရင်နောင်ဖောင်ဖျက်သလိုနောင်ရိုးတိုက်ပွဲတွင် မအောင်မြင်ရင်


နောက်ပြန်ကာ မလှည့်ဘူးဆိုတဲ့ ထုံးကို  နှလုံးမူထားမှ


အချိန်တန်ရင် ကိုယ်လိုရာခရီး ပန်းတိုင် ကိုရောက်ရှိမှာ …
တစ်ခုကိုရရင် …

တစ်ခုခုတော့  ဆုံးရှူံးမှုရှိရတယ် …တစ်ခုကိုလိုချင်ရင် .. တစ်ခုကိုတော့

ပေးဆပ်ရတယ် …

လှေခွက်ချည်းကျန် … အလံမလှဲနဲ့ …တက်ကျိုးရင် လက်ထိုးလှော်မယ်

မိမိကိုယ်ကိုယ်ယုံကြည်မှု ၊ ခိုင်မာတဲ့ဇွဲသတ္တိ မဆုတ်မနစ်တဲ့ ဇွဲလုံ့ လ …

 ဒါက အဓိက ကျနေတယ်…ဘယ်အရာမဆို စိတ်ထားတတ်မှ မြတ်မှာ …

စိတ်သာရှင်စော … ဘုရားဟောထားတာ

ငုတ်မိရင် သဲတိုင်ငုတ်ရတယ် … တက်နိုင်ရင် အဖျားရောက်အောင်တက်ရမယ် ။

တိုင်းပြည်နိုင်ငံကောင်းစားဖို့ ခေါင်းထဲမှာနောက်ထား

ကိုယ့်မိသားစုကိုယ်ကောင်းစားဖို့  ကိုယ်တစ်ဝမ်းဝဖို့ … ကိုယ်လုပ်ချင်တဲ့လုပ်ငန်း

ကိုယ်ရည်ရွယ်ရာပန်းတိုင် ၊ ကိုယ့်ရည်မှန်းချက် ဒါကို … အရင်ဆုံးဂရုစိုက်ပြီး

အောင်မြင်အောင်လုပ်ဆောင်ကြည့်လု
ိက်ပါ … ။

ထိုအောင်မြင်ခြင်းနှင့်အတူ မိမိဘေးပတ်ဝန်းကျင်ပါ .. စိတ်နှလုံးသာယာချမ်းမြေ့ 
အေးချမ်းလှပါလိမ့်မယ်…ကိုယ်တိုးတက်အောင်မြင်ရင် …

ကိုယ့်မိသားစု တိုးတက်အောင်မြင်သလိုပဲ …

ကိုယ့်မိသားစုတိုးတက်အောင်မြင်
ရင် …

ကိုယ့်နိုင်ငံ တိုးတက်အောင်မြင်သလိုပဲ ….

မိမိလုပ်ချင်တာကို လုပ်ဖို့ ကြိုးစားရင်း

လက်ရှိအချိန်မှာ မိမိလုပ်သင့်တာကို လုပ်လိုက်ပါ။  အောင်မြင်မှုပန်းတိုင်က

သင့်လက်ထဲမှာရှိတာပါ  ဘယ်သူကမှ မပေးပါဘူး …

လမ်းမပေါ်မှာ အမှိုက်ပွနေတာကို   ပြောနေမယ့်အစား

ကိုယ့်အိမ်ရှေ့ က အမှိုက်ကို အရင်ရှင်းရမှာ

ကိုယ့်အိမ်ထဲက အမှိုက်ကို အရင်ရှင်းရမှာ…

ကိုယ့်စိတ်ထဲက ရှုပ်ပွနေတဲ့ အမှိုက်နဲ့ တူတဲ့

ညစ်ပေနေတဲ့ စိတ်ဓါတ်  ကိုအရင်ရှင်းမယ် ….

သင့်စိတ်လေး ရှင်းလင်းကြည်လင်သွားတဲ့အချိန်
မှာ

လုပ်သင့်တာ ၊ လုပ်ထိုက်တာကို သင့်အား မည်သူတစ်ဦးတစ်ယောက်မျှမခိုင်း
ပဲ

သင်၏ဖြူစင်သောစိတ်ဓါတ်က သင်လုပ်မည့်အလုပ်ကို အကောင်းဖက်ကို

ဦးတည်အောင် ညွှန်ကြားပြသပေးပါလိမ့်မည် ။ မိမိထံသို့ လာတောင်းရမ်း

စားသောက်သော သူအား ခြေကောင်းလက်ကောင်းနှင့် တောင်းရမ်း

စားသောက်နေသည်ဟု  သင်၏  အမြင်ဖြစ်ပေါ်လာလျှင် … ခြေကောင်း၊

လက်ကောင်းရှိလျက်နှင်
 သင့်တင့်လျောက်ပတ်သော အလုပ်ကို

မလုပ်ကိုင်သောသူအား … သင် မည်ကဲ့သို့ သက်မှတ်မည်နည်း

အလုပ်ဟူသမျှ … ဂုဏ်ရှိစွ

ကျွန်ုပ်ငယ်ငယ်က ကြားဖူးသည် ။

ယခုအခါတွင် … ကျွမ်းကျင်   တတ်ကျွမ်းသောပညာနှင့် မိမိလုပ်ကိုင်နေရာသော

အလုပ်မှာ မကိုက်ညီလှပေ ….

ထိုကဲ့သို့  မကိုက်ညီဘူးဟူ၍   ရှောင်လွဲနေလျှင်လည်း သင်သည် … သင် နှင့်

ညီမျှသော သင်၏ပညာနှင့်  ညီမျှသောအလုပ်သည် ယခုအခါတွင် လွန်စွာမှ

ရှားပါးနေပေလိမ့်မည် ။ ထို့ ကြောင့် … ကိုယ်အစွမ်း ၊ ဥာဏ်အစွမ်း

စိတ်အစွမ်း   ရှိသလောက် … သင့်တင့်လျောက်ပတ်သောလုပ်ငန်းကို


သင်လုပ်ကိုင်နေထိုင်သင့်သည် ။ ကျွန်ုပ်တို့ ရှာဖွေလုပ်ကိုင်နေကြသည်မှာ …

ဝမ်းအပြင်အိတ်မပါပေ … စား၊၀တ်၊နေ၊ရေးကျွန်ုပ်တို့ စားသောက်ရန်အတွက်

နေထိုင်ခြင်း ၊ လုပ်ကိုင်ခြင်း ဖြစ်ကြသည် ။

မိမိအိမ်မှ မိသားစုစားဖို့ အတွက် အဓိကအကျဆုံးအရာသည် မီးဖိုချောင် ဖြစ်သည်

တရုတ်တို့ …ကျင့်သုံးသောမီးဖိုချောင်စနစ်
သည် အလွန်အတုယူဖွယ်

ကောင်းလှသည် ။ထမင်း အပို အလိုမရှိ ကွက်တိ ချက်သည် ။

ဆားပိုလျှင် အပြင်ကို မလွှတ်ပစ်ရ … ဆားအိုးထဲပြန်ထည့်သည်။

ထမင်းရည်ကိုမသွန်ပစ် … မိသားစုအဟာရရှိရန်အတွက်

သောက်သုံးသည် ။ ယခင်အချိန်အခါက အလွန်ဆင်းရဲခဲ့သော တိုင်းပြည်သည်

ယခုအခါတွင် အဘယ့်ကြောင့်တိုးတက်နေသနည်း … ။

သာလွန်မင်းတရားကြီး  လက်ထက်တွင်လည်း သူဆင်းရဲမ

ထမင်းရည်ငှဲ့သည့်အတွက် ပြောဆိုဆုံးမခဲ့ဖူးသည် ။

ကျွန်ုပ်တို့ သည်လည်း  မိမိတို့ မိသားစု  ထိုက်သင့်လျောက်ပတ်သော အလုပ်ကို

တက်ညီ လက်ညီ ရှာဖွေလုပ်ကိုင် နေထိုင်သွားလျှင် မိမိ မိသားစု စားဝတ်နေရေး

ပြေလည်မည် ။ မိမိတစ်ဦး တစ်ယောက်ကောင်းဖို့ အလုပ်လုပ်ရင်း

မိသားစု ကောင်းသွားခြင်းဖြစ်သည် ။ မိသားစုပြေလည် ပြည့်စုံသွားရင်

တိုင်းပြည်ပြေလည် ပြည့်စုံသွားခြင်းနှင့်ညီမျှသည် ။

တရုတ်လူမျိုးများသည်  ပြင်ပ စားသောက်ဆိုင်တွင် စားသောက်နေထိုင်ပြီးလျှင်

ထိုနည်းအတိုင်း ကြည့်ရှု့ခဲ့၍ မိမိအိမ်တွင် ပြန်လည်၍

ချက်ပြုတ်စားသောက်ကြသည် ။

သားသမီးများအားလည်း လုပ်ငန်းတစ်ခု  ဆောင်ရွက်ပေးအပ်ေ
တာ့မည် ဆိုလျှင်

အခြေခံ အလုပ်သမားဘ၀မှ စတင်၍ ခိုင်းစေသည်။

မိမိသားသမီးလုပ်ငန်း  တာဝန်လွှဲအပ်
သည့် အချိန်တွင် လုပ်ငန်းဆုံးရှုံးခြင်း

မရှိအော
င် …  အောင်မြင်စေလိုသည့် စိတ်ဆန္ဒဖြင့် ဖြစ်သည် ။

စားသောက်ဆိုင်တိုင်းတွင်လည်း  ရောင်းချသူလူအများစုသည်

တရုတ်လူမျိုးများ … တရုတ်၊ရှမ်းတရုတ် လူမျိုးများများပြား၍ …

စားသုံးသူလူမျိုးစုတွင် ကျွန်ုပ်တို့ လူမျိုးတို့ က များပြားနေ၍

အလွန်ကျရှုံးနေသည့် မြင်ကွင်းတစ်ရပ်ဖြစ်ပေသည် .။

ထို့ ကြောင့် တရုတ်လူမျိုးစု၏  နေထိုင်စားသောက်သော အကျင့်ဓလေ့ကို

လွန်စွာမှ အတုယူဖွယ်ကောင်းပေသည် ။

ကျွန်ုပ်တို့  လူမျိုးများ ဈေးရောင်းစားရမှာ ရှက်ရွ့ံသလောက်  သူများရောင်းချတာ

သက်သာစွာ ၀ယ်ယူစားသောက်သော  ဓလေ့ရှိ၏

အိမ်မှာမိမိကိုယ်တိုင်  လေ့လာသင်ယူ၍ ချက်ပြုတ်စားသောက်နေခြင်းနည်းပါး၏ ။

သူတို့ လူမျိုးစုမှာ လမ်းဘေး ဈေးထိုင်ရောင်းစား၍

သားသမီးကို နိုင်ငံခြားပို့ နေသည် ။ မြို့ လယ်ခေါင်တွေမှာ တိုက်ပိုင်ကားပိုင်တွေ

ရှိကြသည်။ မရှက်မကြောက် အလုပ်မရွေးလုပ်သည် ။

နေရာမရွေး  ဒေသမရွေးလုပ်သည် ။ကျွန်ုပ်တို့ လူမျိုးစုသည်လည်း

အလုပ်ရွေးနေ၍
  မဖြစ်သော  အခြေအနေအချိန်အခါဖြစ်သည်။

အတုယူသင့်သည် ။ လေ့လာသင့်သည်။ လိုက်၍လုပ်ဆောင်သင့်သည်။

မိသားစုငါးယောက်ရှိသော အိမ်တွင် … တကယ်အလုပ်လုပ်သောသူသည်

နှစ်ယောက်လောက်သာရှိသည် ။ မိမိ မိသားစုတွင် တတ်နိုင်သည့်ဘက်တွင်

တတ်နိုင်သလောက် … အိမ်မှုကိစ္စမှစ၍ လုပ်ငန်းဆောင်တာအထိ   ကူညီ…

လုပ်ကိုင်ဆောင်ရွက်လျှင် မိသားစုစားဝတ်နေရေး ပြေလည်ပြည့်စုံပေလိမ့်မည် ။

ယခုအချိန်အခါသည် … ခိုးစားတော့ခွေးဟောင် လုပ်စားတော့မိုးခေါင်သော …

ဥတုပျက် ၊ ရာသီပျက် လူတွေ၏ စိတ်ဓါတ်ပျက်ပြားနေသော

အချိန်ကာလဖြစ်သည် ။ စဉ်းစားပါ … တွေးခေါ်ပါ … လေ့လာပါ

ပြီးရင်လုပ်ဆောင်လုပ်ပါ … စဉ်းစားနေရုံ   တွေးခေါ်နေရုံနဲ့ 

မည်သည့်လုပ်ငန်းမဆို မအောင်မြင်နိုင်ပါ ။

ယခုအချိန်အခါတွင် စည်းလုံးချစ်ခင်မှု လွန်စွာမှ နည်းပါးသွားပြီဖြစ်သည်။

မည်သည့်အလုပ် မှ မရှိသောသူသည် … အလုပ်လုပ်ကိုင်နေသောသူအား

အပြစ်ပြောသောအချိန်ဖြစ်သည် ။ ကျွန်ုပ်တို့  ယခင်က စည်းလုံးကြပါသည်။

ချစ်ခင်ကြပါသည်… မိဘဘိုးဘွားများသည် …ဘိုးကြီး ဘွားကြီးများသည်

ဥပုဒ်သီတင်းသီလစောင့်တည်ကြပါသည် ။ မိမိတို့၏ သားသမီးများ ဆွေမျိုးများကို


လည်း သတီတင်းသီလစောင့်တည်စေလျက်စိတ်ဓါတ် ၊ စည်းကမ်း ၊လူ့ ကျင့်ဝတ်ကို

ကျောင်းကန် ၊ဘုရား ၊ ကျွန်ုပ်တို့ တက်ခဲ့သော စာသင်ကျောင်းများမှ သင်ကြားပို့ 

ချပေးပါသည် ။ ယခုအချိန်အခါတွင် … စိတ်ဓါတ် ၊စည်းကမ်း

လူမှုကျင့်ဝတ် ၊ နားလည်သောသူ လွန်စွာမှ ရှားပါးနေပေသည် ။

လူမျိုးတစ်စု(သောကြာနေ့ တိုင်း) ဘုရားဝတ်ကျောင်းတွင် ၀တ်တက်ရင်း

စုစည်းကြသည် ။ တစ်နေ ရာနှင့်တစ်နေရာ ၊ တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက်တွေ့ 

ဆုံ၍သူတို့  ဗလီဝတ်ကျောင်း အတွင်းမှာပင် နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး

တိုင်ပင်ဆွေးနွေး၍ ချစ်ခင်စည်းလုံးမှုရယူကြသည် ။ အမြဲမပြတ်

သောကြာနေ့ တိုင်း တွေ့ ဆုံနေကြ၍ … တစ်ယောက်အခက်အခဲတစ်ယောက်

မျက်ခြေမပြတ်ကျပေ ။။။

ထို့ အတူ တရုတ်လူမျိုးများသည်လည်း သူတို့ ၏ ဆွေမျိုးပေါက်ဖော်

သားချင်းများ
သည် တစ်ဦးမပြေလည်လျှင် ပြေလည်သောတစ်ဦးမှ

လုပ်ငန်းဆောင်တာလုပ်ဆောင်ရန်အတွ
က် ကူညီထောက်ပံ့ပေးကြသည် ။

ထို့ ကြောင့် သူတို့ လူမျိုးများသည်လည်းအောင်မြင်ြ
ကသည် ။

ကျွန်ုပ်တို့ လူမျိုးများသည် စုစည်းမှု ၊စည်းလုံးမှု ကျောင်းကန်ဘုရားများတွင်

နည်းပါးသွားပေသည် ။

သက်ကြီးစကား ၊ သက်ငယ်မကြားမလိုတော့ လူကြီးစကား နားဝယ်ခါးကြသည် ။

လေ့လာကျင့်သုံးရန် လွန်စွာနည်းပါးသည် ။

မကောင်းမှုဘက်၌ မွေ့ လျော်မှု့သည့် လွန်စွာ များပြားသည် ။

အတုယူသင့်သည့်အရာကို  အတုမယူဘဲ …

အတုမယူသင့်သည့် အရာကို အတုခိုးမှားနေကြသည် ။

ပြောပြန်တော့ အပြစ်ဟုထင်သည် ။ လုပ်ပြန်တော့ တလွဲဆံပင်ကောင်းနေသည် ။

နည်းစနစ် ၊ လမ်းမှန် လေ့လာလိုက်နာကျင့်သုံးသင့်သည်ကိ
ု ကျင့်သုံး၍ …

အတုခိုးသင့်သည်ကို  အတုယူသင့်လှပေသည် ။

ကိုယ့်တိုင်းပြည်မှ မိသားစုခွဲခွာ၍ နေထိုင်သွားရောက်လုပ်ကိုင်နေသူ
 များ သည် ။

ပျော်လွန်း၍  သွားနေကြခြင်းမဟုတ်ေ
ပ ။ မိသားစုအတူတကွ မခွဲမခွာ

စည်းလုံးချစ်ခင်နေချင်ြ
ကသည်။

အမိမြေကို လွမ်းဆွေးတမ်းတသည် ။တတ်သည့်ပညာနှင့်လုပ်သည့်အလုပ်

ကိုက်ညီဖို့ ရာ ခွဲခွာ၍ လုပ်ကိုင်နေကြခြင်းဖြစ်သည် ။ ၀င်ငွေ ၊ ထွက်ငွေ

ကွာခြားလှသည် ။ ထို့ ကြောင့် တိုင်းတစ်ပါးသို့  မသွားချင်ဘဲ သွားရောက်နေထိုင်

လုပ်ကိုင်ကြ
ခင်းဖြစ်သည် ။ အမှန်တကယ်ဆိုမူ … တတ်သည့်ပညာနှင့်

လုပ်သည့်အလုပ်နှင့် ရရှိသည့်ဝင်ငွေသည့်ဝင်ငွေ ၊ ထွက်ငွေ မျှတနေလျှင်

သူများတိုင်းတစ်ပါးသို့  မိသားစုခွဲခွာ၍ မည်သူမှမသွားချင်ပေ။

မိမိ.မိသားစု စားဝတ်နေရေးပြေလည်ရန်အတွက် … ယခုလက်ရှိ သင်မည်ကဲ့သို

နေထိုင် ၊ လုပ်ကိုင်ဆောင်ရွက်နေသနည်း …. ။လေဘတက်ခိုင်းခြင်းမဟုတ် ၊

တမရားသောဝိသမလောဘနှင့် ရှာဖွေခိုင်းခြင်းမဟုတ် ၊

သူတစ်ပါးအပေါ်ခေါင်းပုံဖြတ်ခိုင်
းခြင်းမဟုတ် ။ မည်သူသေသေ ငတေမာလျှင်

ပြီးရောစိတ်ထားကို ထားခိုင်းခြင်းမဟုတ် …။ဘနဖူးကိုသိုက်တူးခိုင်းခြင်း


လည်းမဟုတ်ပေ…။

လူ ဟူသော … လူ့ အဖွဲ့ အစည်းတွင် လူ ဟု အမည်တပ်ရူံသက်သက်နှင့်

လူဟုမခေါ်ဆိုအပ်ပေ ။စိတ်ဓါတ်  စည်းကမ်း  အကျင့်စရိုက်သည် … မူ၊ ဘောင်၊

 ဥပဒေ … မည်ကဲ့သို့ပြဌာန်းထားထား သင်ကိုယ်တိုင်

သင်၏   စိတ်ထားအတိုင်း ကျင့်သုံးလုပ်ကိုင်ဆောင်ရွက်သွာ
းသည့်အပေါ်တွင်

မူတည်နေပေလိမ့်မည် ။

လူအနည်းစုနှင့် လူအများစုသည် မည်သည့်ဖက်သို့ ဦးတည်သွားနေသည်ကို

မြင်၊ သိ၊  တွေ့ရှိနိုင်ပေသည် ။

ထို့အတူ မိမိ၏စိတ်ဓါတ်သည်လည်း မည်သည့်ဖက်ကို ဦးတည်နေထိုင်သည်ကို

မိမိကိုယ်တိုင်  ဆန်းစစ်သင့်ပေသည် ။ မိမိအတွက်ကောင်းကျိုးကိုသာ

ရှေးရှု့ဆောင်ရွက်တတ်သလို သူတပါး၏ကောင်းကျိုးကိုပါ

လုပ်ကိုင်ဆောင်ရွက်တတ်ပါစေ ။အောင်မြင်သော လူဟုခေါ်ဆိုအပ်သော လူ

ရည်မှန်းချက်ထားပါ။အိပ်မက်ကြီးကြီးမက်ပါ။ရည်ရွယ်ချက်ကြီးကြီးထားပါ။

အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။စနစ်တကျလုပ်ဆောင်ပါ။စိတ်ရှည်ပါ။သည်းခံပါ။

ဇွဲရှိပါ။အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။

လူတန်းစားမရွေး ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံပါ။

အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။

အချိန်ကို အကျိုးမဲ့ အချည်းအနှီး မကုန်လွန်ပါစေနှင့်

အချိန်ပိုနေသည် ထင်ပါက အတတ်ပညာ တစ်ခုခုကို သင်ယူပါ။

အချိန်ပိုနေသည် ထင်ပါက အသိပညာ တစ်ခုခုကို လေ့လာပါ။

ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။

ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို မရောက်သေးသော အချိန်ကို

မမျှော်မှန်းပါနှင့် လက်ရှိအချိန်သည် သင့်အတွက် အဖိုးတန်ဆုံး အချိန်ဖြစ်သည်။

ယခု ရှိနေသောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍

တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။

အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။

မည်သည့်အလုပ်မျှ မလုပ်သောသူသည် မည်သည့်အမှားမျှ မရှိနိုင်ပါ။

အခက်အခဲမှန်သမျှ ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်မှ

လောကတွင် အောင်မြင်နိုင်သည်။
 

မည်သည့် အခက်အခဲမဆို ကျော်လွှား ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။

သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်သမျှရှောင်ပါ။

မိမိကိုယ်ကိုသာ ဝေဖန်ဆန်းစစ်ပါ။

အလုပ် လုပ်နေသောသူကို အလုပ် မလုပ်သော သူကပြစ်တင် ဝေဖန်တတ်ပါသည်။

မိမိကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏

ကောင်းကျိုးကိုလည်း ဆောင်ရွက်ပါ။

တစ်နေ့တာပြုမူဆောင်ရွက် ပြောဆို လုပ်ကိုင်ချက်များသည် မိမိအကျိုး

သူတပါးအကျိုး သံသရာအကျိုး ရရှိမှသာ လူဘ၀တွင်လူဖြစ်ရကျိုးနပ်၍

အောင်မြင်သောလူသားတစ်ဦးဖြစ်နိုင်သည်။ မိမိ အတ္တသာရှေ့ရှု၍

မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည် စည်းစိမ်ဥစ္စာ

မည်မျှရှိနေစေ ရာထူးဂုဏ်ထူး မည်မျှရှိနေစေ ပညာမည်မျှတတ်နေစေ ထိုသူသည်

လောကတွင် တစ်ခဏ တစ်ဘ၀သာ အောင်မြင်သည့်သူဖြစ်သည်။

နောင်သံသရာ ယ္ခုဘ၀ လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း လူဖြစ်ရှုံးနေသော

လူသား တစ်ဦးသာဖြစ်မည် ။ထိုသို့သောလူအား အောင်မြင်သည်ဟု မမြင်ထိုက်ပါ။

လူသားအခြင်းခြင်း ကူညီစောင့်ရှောက် ဖေးမကြင်နာ သနားငဲ့ညှာတတ်မှသာ

သင်သည် လူ့ဘ၀တွင် လူဖြစ်ရကျိုးနပ်၍ အောင်မြင်သောလူသားစင်စစ်

ဧကံဖြစ်ပေလိမ့်မည်။အောင်မြင်သောလုပ်ရပ်ကို လုပ်ဆောင်ပြုမူနေသော

ထူးချွန်ထက်မြက်သည့်လူဟုခေါ်ဆိုအပ်သော လူဖြစ်ပေလိမ့်မည်။

သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။

အောင်မြင်မှုသည် သင်၏ လက်တစ်ကမ်းမှာ ရှိသည်။

မည်သူ့ကိုမဆို ဖေးမကူညီ မိသားစုစိတ်ဓါတ်  နှင့်ပေါင်းသင်း ဆက်ဆံလုပ်ကိုင်

ကူညီစောင့်ရှောက်တတ်ပါစေ။ အဖြုန်းနှင့် အသုံး ခြွဲခားတတ်ပါစေ။

မလိုအပ်ပဲ မိမိမှာရှိလျှက်နှင့် 
အပို ၀ယ်ယူခြင်း  စားသောက်ခြင်း ကိုထိန်းသိမ်းပါ။အောင်မြင်တဲ့ လူတစ်ယောက်မှာ..

ထူးခြားတဲ့ ခံယူချက်..ရည်မှန်းချက်တွေ ရှိတယ်
 အတွေး အခေါ်တွေရှိတယ်...... 

ထူးခြားတဲ့ စိတ်ဓါတ် ခံယူချက်တွေ ရှိတယ်...
 
သာမာန်လူတစ်ယောက်မဟုတ်ဘူး.....
 
အချိန်တိုင်းဟာ သူအတွက် တန်ဘိုးရှိတယ်
 
သူလုပ်တဲ့အလုပ် သူပြောတဲ့စကားဟာ....တန်ဘိုးရှိတယ်

တန်ဘိုးသိတဲ့ လူတွေအတွက်တော့ အသိတရား တစ်ခုရလိမ့်မယ်.. 
သူနဲ့ခဏတွေ့ ရလဲ သင့်အတွက် အကျိုးတစ်ခုတော့ရမှာပါ.....
 
သေသေချာချာ စဉ်းစားပြီးမှပြောပါ....
 
သင်တွေ့ တဲ့လူတွေထဲမှာ သူသာမာန် လူလား.....
 
.သူထူးခြားတဲ့ လူလားဆိုတာ..
သူဟာသင့်အတွက်.....??  သင်ဟာသူ့အတွက်......??
 


စာဖတ်သူ အသိတရားတစ်ခုခု ရလျှင်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့