Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

မှားခဲ့ပြီ

``မှားခဲ့ပြီ``

ကွမ်းယာဆိုင်ဘေး အိမ်ဆိုင်လေးတွင်
နေ့တိုင်းတွေ့ရ သူ့အလှကြောင့်
မေ့မရသူ ချစ်ရသူက
ကွမ်းယာဆိုင်ငိုင် ထိုင်ထိုင်ငေးရင်း
သတိထားမိ သူ့အကြည့်နှင့်
တစ်ချက်ဆုံတိုင်း ရင်မှာလှိုင်းထ
ပြုံးပြခိုက်ဝယ် သူကပြန်ပြုံး
ကြည်နူးမဆုံး.....

ဒီလိုနဲ့ပဲ ခေါင်းညိမ့်ခေါင်းခါ
ပြုံးပြနှုတ်ဆက် မျက်လုံးချင်းယှက်
နေလာခဲ့ရင်း ရင်ခုန်ခြင်းကို
စာရွက်ထက်ဝယ် ချစ်ခွင့်ပန်ကြား
တောင်းပန်စကား စောင့်စားခဲ့ရင်း
များမကြာခင် စာပြန်ခဲ့ပြီ
ချစ်ပါသည်ဟု အဖြေရစဉ်
စိတ်ကြည်ရွှင်.....

ညအိပ်စက်စဉ် သူ့ရူပါအင်
မြင်ယောင်တမ်းတ အိပ်မရ၍
ဖုန်းဆက်ဖို့ပြင် အတွေးဝင်ကာ
နောက်တနေ့မှာ ဖုန်းနံပါတ်တောင်း
လွမ်းနေကြောင်းကို ပြောဖို့ဖုန်းခေါ်
သူဖုန်းကိုင်သော် အပါးအပါး
သူ့စကားကြောင့် နောင်တရသည်
မှားခဲ့ပြီ.....
မှားကြမယ်နော်..သတိထား.။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့