Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

ချစ်လား?? မချစ်ဘူးလား??


 
            ဒီမေးခွန်းလေးက  လူတိုင်းသိချင်နေကြတဲ့  သိချင်ခဲ့ကြတဲ့  မေးခွန်းလေးနော်..  ဟုတ်တယ်ဟုတ် ??  တစ်စုံတစ်ယောက်ကို  ချစ်ရေးမဆိုမှာဖြစ်ဖြစ်၊  အဖြေမပေးခင်မှာဖြစ်ဖြစ်၊  လမ်းမခွဲခင်မှာဖြစ်ဖြစ်  ကိုယ့်ကိုယ်ကို  သေချာမေးဖို့လိုတဲ့  သေချာတဲ့အဖြေကို ရဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မေးခွန်းလေးပေါ့။ ဒီလောက်အရေးပါတဲ့  မေးခွန်းလေးကို  သေချာဖြေနိုင်ဖို့  အောက်ကအချက်လေးတွေက  သူငယ်ချင်းတို့ကို  ကူညီပေးလိမ့်မယ်နော်။

၁။ သူနဲ့ အမြဲတွေ့နေရတာတောင်မှ အမြဲတွေ့ချင်နေတုန်းပဲလား ?

၂။ မနက်အိပ်ယာကနိုးတိုင်း ညအိပ်ယာဝင်ခါနီးတိုင်းမှာ သူ့အကြောင်းပဲ တွေးနေမိလား ?

၃။ အရေးကြီးတာတစ်ခုခုကို လုပ်မယ်လို့ ဆုံးဖြတ်ခါနီးတိုင်း သူ့အပေါ်တစ်ခုခု သက်ရောက်မှု ရှိ / မရှိကို စဉ်းစားမိတတ်လား?

၎။ အတူတူစားသောက်တိုင်းမှာ သူ့ကိုပဲ ဦးစားပေးနေမိတာမျိုး၊ သူဗိုက်မ၀မှာစိုးလို့ လျှော့စားတာမျိုးရှိလား ?

၅။ သူနဲနဲနေမကောင်းဖြစ်ရင်တောင် အရမ်းစိုးရိမ်နေမိလား ?

၆။ သူ့ကြောင့် နာကျင်ရရင်တောင် အပြစ်မမြင်ဘဲ သူ့အစားအကြောင်းပြချက်တွေရှာပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိလား ?

၇။ သူဟာ သင့်အတွက်၊ သင့်ဘ၀အတွက် အရေးကြီးဆုံးလို့ ခံစားနေမိလား ?
၈။ သူမရှိတဲ့ဘ၀တစ်ခုကို စိတ်ကူးလိုက်တာနဲ့တင် ကြောက်နေတတ်လား ?

၉။ သူပျော်ရင်လိုက်ပျော်နေမိပြီး သူစိတ်ညစ်ဝမ်းနည်းတဲ့အခါ သင်ပါထပ်တူထပ်မျှခံစားရတတ်လား ?

၁၀။ သူ့ကို ကြည့်လိုက်တာနဲ့ သူ့ကိုချစ်နေမိပြီလို့ ခံစားနေမိလား ?

၁၁။ မှန်ထဲမှာ ကိုယ့်မျက်လုံးကိုယ်ကြည့်ပြီး သူ့ကိုချစ်လားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်တဲ့အခါ ရှက်ရွှံ့ကြည်နူးမှုတွေ
ခံစားနေရလား ?

၁၂။ ကိုယ့်ရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေဟာ သူ့အပေါ်အများဆုံးမူတည်နေလား ?

၁၃။ သူနဲ့အတူရှိနေရင် သူ့အကြောင်းစဉ်းစားမိရင်ကို အလိုလိုပျော်လာလား ?

အပေါ်က မေးခွန်းလေးတွေရဲ့အဖြေတွေက “Yes” ပဲဆိုရင်တော့ သေချာပါတယ်.. သင်သူ့ကို ချစ်မိနေပြီ။ သင့်နှလုံးသားတံခါးကို ဖွင့်ထားလိုက်တော့နော်..။ :)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့