Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

လျှပ်စစ်ဓာတ်အား ရရှိမှု မမှန်ပါက အကြောင်းကြား နိုင်

အခုနှစ် နွေရာသီမှာ ဓာတ်အား ထုတ်လုပ်မှု လျော့နည်း နေတာကြောင့် ပြည်သူလူထုကို အုပ်စု ၃ စုခွဲပြီး အလှည့်ကျ ဓာတ်အား မျှပေး လျက်ရှိရာ မိမိတို့
ဓာတ်အား ရရှိမယ့်အချိန်မှာ မမှန်ဘဲ အဆင် မပြေမှုများ ရှိပါက သတ်မှတ် ဖုန်းတွေကို ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ သိရပါတယ်။ ဒီလိုအုပ်စု ၃ စုနဲ့အလှည့်ကျ ဓာတ်အားမျှပေး နေမှုများကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာ အုပ်စု အသီးသီးမှာ ပါဝင်တဲ့ ရပ်ကွက်များရဲ့ အသေးစိတ် စာရင်းများနဲ့ အလှည့်ကျ ဓာတ်အား ရရှိမယ့် အချိန်ဇယား တွေကို ကြေငြာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓာတ်အား ရရှိမယ့် အချိန်များမှာ မပျက်မကွက် ရရှိရေး အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့ ရုံးချုပ်၊ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများမှာ တာဝန်ရှိ သူများက ၂၄ နာရီ စောင့်ကြပ် ဆောင်ရွက် ပေးလျက်ရှိရာ အဆင်မပြေမှုများ ရှိလည်း ဖော်ပြပေး သွားတဲ့ ဖုန်းနံပါတ်တွေကို အချိန်မရွေး အကြောင်းကြား နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆက်သွယ် နိုင်တဲ့ ဖုန်းတွေ ကိုတော့ ခရိုင် အလိုက်၊ မြို့နယ် အလိုက် ခွဲခြားပြီး သတ်မှတ် ထားသလို သက်ဆိုင်ရာ ခရိုင်မြို့နယ် တွေရှိ လျှပ်စစ်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အထူး စစ်ဆေးရေး အဖွဲ့ တွေကို တာဝန်ပေးအပ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့