Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

GSM ဖုန်းများ၏ Prepaid မပြောင်းမီ သုံးစွဲခဲ့သည့် ဖုန်းဘီလ်များအား သတ်မှတ်ရက် အတွင်း ပြန်လည် စစ်ဆေးရန် လိုအပ်

GSM ဖုန်းတွေကို Post Paid စနစ်မှ Prepaid စနစ်သို့ ပြောင်းလဲ ပေးပြီး အဆိုပါ ဖုန်းတွေ အတွက် Prepaid စနစ် မတိုင်ခင် သုံးစွဲခဲ့ပြီးတဲ့ ဖုန်းဘီလ်တွေ
ကိုတော့ သတ်မှတ်ရက် အတွင်း ပြန်လည် စစ်ဆေးဖို့လိုအပ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ သတ်မှတ်ရက်တွေ ကတော့ မေလ ၁ ရက်နေ့က စတင် Prepaid စနစ်အဖြစ် ပြောင်းလဲ သွားတဲ့ GSM ဖုန်းတေရဲ့ မတ်လမှာ သုံးစွဲခဲ့တဲ့ ဖုန်းဘီလ်ကို မေလ ၂၅ ရက် နောက်ဆုံး ထားကာ ဖုန်းဘီလ် စစ်ခြင်း ပြုလုပ်ရာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလမှာ အသုံးပြုခဲ့တဲ့ ဖုန်းဘီလ် ကိုတော့ ဇွန်လ ၂၉ ရက်နေ့ နောက်ဆုံးထားကာ မြန်မာ့ဆက်သွယ်ရေးရုံးတွေမှာ ဖုန်းဘီလ်စစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လာရောက် စစ်ဆေးပြီး ကြွေးကျန် ရှိနေပါက အဆိုပါ ရက်တွေ အတွင်း ပေးဆောင် ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မိမိ ထည့်သွင်း ထားတဲ့ငွေ ပိုနေရင်တော့ လက်ရှိမှာ အသုံးပြု နေပြီဖြစ်တဲ့ Prepaid ထဲကို ပေါင်းထည့် ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို သတ်မှတ်ရက်တွေ အတွင်း လာရောက်ကာ ဖုန်းဘီလ် စစ်ခြင်း မရှိခဲ့ရင်တော့ အဆိုပါ ဖုန်းတွေရဲ့ဆက်သွယ်မှုကို ယာယီ ဖြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့