Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

LOVE ၀တ္ထု။

(၁)
အိမ်ခန်းထဲက စာကြည့်ခုံလေးမှာ ထိုင်ရင်း... ကဗျာတစ်ပုဒ်ကို ချရေးမိတယ်... အသက်မ၀င်ပါဘူးလေ..။ စိတ်ကူးလေးပေါက်တုန်း မိုးလေးရွာတုန်း မီးလေးလာတုန်း ဂီတာလေးကိုကောက်ကိုင်ပြီး သီချင်းလေးကိုညည်းလိုက်တယ်... နောက် သီချင်လေးရေးကြည့်မိတယ်.။ မဖြစ်လာပါဘူးလေ.. အရာရာကို စိတ်တိုင်းမကျ တစ်ယောက်တည်း အခန်းကျဉ်းထဲ လုပ်ချင်တာကိုသာလုပ်နေမိတယ်.. စိတ်ပျက်လက်ပျက်နဲ့ ... ငုတ်တုတ်ထိုင်နေရင်းမှ အိပ်ယာပေါ်ပစ်လှဲချလိုက်တယ်... မျက်စိလေးကိုမှိတ်ရင်း... အနားယူနေမိတယ်..။ အိမ်ရှေ့က တံခါးခေါက်သံလေးကို ကြားမိလိုက်သည်...
*ရဲရဲရေ ရဲရဲ အစုတ်ပလုပ် ကောင် တံခါးဖွင့်... နော်..နင်အထဲ မှာရှိတာငါသိတယ် အဲ့အကွက်တွေရိုးနေပြီး အပြင်က တံခါးကို သော့ခတ် အိမ်ထဲအောင်းနေတဲ့ အကွက်က လေ ဟဲ့ မိထက် နင်နဲ့ငါ လုပ်ခဲ့တာနော်..*
ဟုတ်ပ
မိထက် ကလည်း ဆည်းဆာ အပြောကို သံယောင် က လိုက်သေးသည်..။ ဒီအရူပ်ထုတ်တွေ ရဲရင့် ကျောင်းမတက်တိုင်း ရောက်ရောက်လာတက်သည်..။ ပြောပြောဆိုဆို နှင့် ရဲရင့် သော့ကိုယူပြီး... တံခါးမကြီးကိုဖွင့်လိုက်သည်...။
အဟာ.. တွေ့တယ်မို့လား မိထက် ဒင်းအိမ်ထဲမှာ အောင်းနေတာ ငါသိတယ်...ရဲရဲ နင်ကျောင်းမလာဘူးလာ.. ငါတို့ တူတူသွားမယ်လေ..ဟာ..
မလာ ဘူး တက်လဲ မတက်ဘူး ငါဘာသာနေပါရစေဟာ... နော် နင်တို့ မရှက်ဘူးလာ.. ယောကျာင်္လေးတစ်ယောက်တည်းရှိတဲ့အိမ်ကို ရဲရဲတင်းတင်းလာတာ...
မိထက် နှစ်ခေါင်းကို ရူံ့ပြီး ..( အောင်မာ.. ဘာလို့ရှက်ရမှာလဲ ဂရုလဲမစိုက်ဘူး ငါတို့ရိုးသားကြိုးစားတဲ့ စတားတွေ...)
ရဲရင့် သော့ကိုသာကိုင်ထားလျှက် ရပ်နေလေသည်...။ ဆည်းဆာ တံခါးရှေ့ငုတ်တုတ်ထိုင်လိုက်ကာ..
နင်မဖွင့်လို့ကတော့ ငါ တို့မပြန်ဘူး...
ဟာ ဆည်းဆာ လာမကွိုင်နဲ့ဟာ.. ဖွင့်ပေးမယ် ..။
ရဲရင့် တံခါးကို ဖွင့်ပေးလိုက်လေသည်... ကဲကဲ ၀င်နော် မယ်မင်းကြီးတွေ... သူတို့ကိုပဲ ကြောက်နေရတယ်... ကြိုပြောထားမယ် အိမ်လာရင် လျှောက်မမွေးနဲ့ ဘာမှမရှိဘူး စေတနာရှိရင် နင်တို့ဝယ်ကျွေးနိုင်တယ်.. ဟဲဟဲ ငါတောင် ရဲသောက်ဗိုက်မှောက်ပြီးနေနေတာ..။
ဟဲ့ မိထက် နင့်မှာ ပိုက်ဆံပါလာ
ပါတယ်လေ
အေး ဒါဆို ငါတို့ နှစ်ယောက်မုန့်သွားဝယ်မယ်ဟာ..
ဆည်းဆာအပြောကို မိထက် လက်တားလိုက်ကာ ( နင် သွားချင်နင်ဘာသာသွား ငါဒီမှာ ဒီကောင့်ကို စောင့်နေမယ် ငါတို့ထွက်သွားပြီး တံခါးပြန်ပိတ် လစ်ထွက်သွားမှ ဟုတ်ပေ့ဖြစ်မယ် သူစိတ်က ပြောလို့ရတာမဟုတ်ဘူး...)
အေးဟုတ်တယ် ဟိုတခါလိုလေ ငါ့ပိုက်ဆံအိတ်တွေကော အိမ်ထဲမှာကျန်ခဲ့တာလေ ငါတို့ လမ်းလျှောက်ပြီးပြန်ရတာ မှတ်မိသေးတယ် တစ်ခါပဲခံမယ်... မိထက် နင်ဒီမှာစောင့်နေ ငါသွားဝယ်မယ်...။
ဆည်းဆာ ပိုက်ဆံကို ယူပြီး ထွက်သွားလေသည်...။ ရဲရင့် ရေခဲသေတ္တာထဲမှ ရေဗူးကိုယူကာ...
ဟဲ့ မိထက်.. ငါ့ကိုမကြောက်ဘူးလာ..
ဘာလို့ကြောက်ရမှာလဲ
ဟာ ငါက ကျားလေ နင်မကြောက်ဘူးလား
မိထက် ခြေသလုံးကို စောင့်ကန် လိုက်သည်..
အ .. အားလာ.. နင် အရမ်းရမ်းလုပ်တယ်.. ငါ လုပ်လိုက်ရရင်တော့..
လုပ်လေ လုပ်လေ.. ထပ်ထိုးလိုက်မယ်..မိန်းကလေးဆို အထင်မသေးနဲ့ ကြွေးထည့်လိုက်မယ်...
ကြောက်ကြောက်ပါတယ် မိထက်ရယ်... ရော့ နင်သောက်ဖို့ ရေ.. ငါ့မှာ ဒါပဲ ချမ်းသာတယ်...။
ဟဲ့ ရဲရဲ နင် ကျောင်းကို လာလိုက်မလာလိုက်နဲ့ နင်အတွက် ငါစိတ်ပူတယ်နော်... ပြီး နင်က ကျောင်းမှာ စတားဆိုပြီး ဘင်ခေါင်း ကျယ်ပြီး ကျောင်းမလာတာဆိုပြီး ပြောနေတယ်..
ဘာ....ဘယ်သူက ပြောတာလဲ
အန်မလေး ဖြည်ဖြည်းအော်ပါဟယ်..
ငါက စတား ဘယ်သူပြောလဲ ဘယ်သူက စတားလို့ သတ်မှတ်တာလဲ...
ဆည်းဆာရယ် ငါရယ်..
ဘာလို့လဲ
ဟုတ်တယ်လေ နင်အမြတ်ထုတ်စီးပွာရေးလိုက်လုပ်နေတာလေ... ကဗျာစာအုပ်တွေကို လိုက်လိုက်ရောင်းလိုက် အသဲကွဲသူတွေကဗျာရေးပေးရင် ပိုက်ဆံလေးတွေ မ လိုက်နဲ့ နင်ဟုတ်နေတာလေ... ကောင်မလေးတွေဆို ကျောင်းမှာ နင့်ကိုပဲ ရှာနေတာ...
ဘာလုပ်ဖို့
ကဗျာရေးခိုင်းမလို့ နေမှာပေါ့..
ဟာ... ငါလေ အမှန်တိုင်းပြောရင် အာပလာလုပ်တာ သူတို့ရေးခိုင်းတာတွေကို ငါပေါက်ကရတွေလျှောက်ရေးတာ ဘာမှ ကာရံမပါ ဘာမပါ စိတ်ထဲရှိရာ ပေါက်ပန်းလေးဆယ် လျှောက်ရေးတာ..
အေး.. နင်ကသာလျှောက်ရေး အဲ့လျှောက်ရေးတာကိုပဲ ကြိုက်နေကြတာနေမှာပေါ့...
နင်လုပ်မယ်ဆိုရင်လဲ ဖြစ်အောင်လုပ်ဟယ်... သီချင်းခွေတွေကိုလဲ နင်ရောင်းတယ်ဆို..
ဘာသီချင်းလဲ
အောင်မာ မသိချင်ယောင်ဆောင်နေလိုက်သေးတယ် နင်လေ.. နင်ဆိုထားတဲ့ သုံးပုဒ်လောက်ကို ကျောင်းမှာ CD ဘန်းပြီး ပြန်ရောင်းတယ်ပြောတယ်. ငါအကုန်ပြန်ကြားတယ်နော်...
ဟာ ငါ လေ ငါးခွေးထဲ ဘန်းပြီး ရောင်းလိုက်တာပါဟာ အဲ့ဒါကို...နောက်တစ်ဆင့် တစ်ဆင့်နဲ့ ဘန်းပြီး ရောက်သွားကြတာ.. ပြီးတော့ ငါလေ အသံသွင်းဖို့ ပိုက်ဆံမရှိဘူး .. ဟိဟိ... ဆရာ့စီသွားချေးရင်းကောင်းမလာလို့
သေနာ ဟိုက နင့်ကို တုတ်နဲ့ရိုက်လွတ်လိမ့်မယ်
အေးဟ ငါချေးထားတဲ့ ပိုက်ဆံတွေ ခုထိ ပြန်မဆပ်ကသေးဘူး ဟိဟိ
ဟိုမှာ....ဆည်းဆာ ပြန်လာပြီး ၀ယ်လာတာလဲ မနိုင်မနင်းနဲ့.... အအေးတွေကောပဲ..
ဟာ ပွတာပဲ အေးလေ အိပ်နေရင်းနဲ့ နင်တို့ ကလာ လှူတယ်ဆိုတော့လဲ.. ငါကံကောင်းတာပေါ့လေ...
စား စား ၀အောင်စား ပြီးရင် နင် အိမ်စာ လုပ်ပေးရမယ် ငါ့ကို ကျောင်းမှာ အကောင်တစ်ကောင်က စားလိုက်တယ်
ဘာ နင့်ကို စားလိုက်တယ် ပြစမ်း ..
မဟုတ်ဘူးဟ ဒီမှာကြည့်...
ဆည်းဆာ စာအုပ်ကို ထုတ်ပြီး... ရှေ့ကို ချပြလိုက်သည်...ရေးထားတာက 09542980 တဲ့
ရဲရင့် အအေးလေးသောက်ပြီး... မိထက် နင်ပြောပြလိုက်စမ်းပါဟာ ဒီလောက်လွယ်တဲ့ မေးခွန်းကို... ဖြေလိုက်..
ဟိဟိ အေးဟယ်.. အဲ့အကောင်က နင့်ကိုဖုန်းနံပတ်ပေးသွားတာနေမှာပေါ့..ဟဲ့
ဟဲ့ ငါ့ဆက်ပြီးပြီးဟဲ့ မဟုတ်ဘူး..
ရဲရဲ ကူးညီပါဟာ နင်က ညဏ်ကောင်းတယ်လေ မုန့်တွေစားနော်..ဟိဟိ
ငါမေးတာ အမှန်တိုင်းဖြေရမယ်..နင့်ကိုပေးလိုက်တဲ့ကောင်ကို နင်ချစ်လား..
ဟန်.. ဘာမှလဲမဆိုင်ဘူး..
ငါမေးတာဖြေစမ်းပါဟာ နင်နဲ့ငါနဲ့ ရှက်နေရမယ့်လူလည်းမဟုတ်ဘူး
နဲနဲတော့စိတ်ဝင်စားတယ်ဟ
အန်မလေး ဆည်းဆာရယ်.. ချစ်ရင်ချစ်တယ်ပေါ့..မသိရင်ပဲ ငါတို့က သူစိမ်းတွေကြနေတာပဲ..
ချစ်တယ်ဟာ ချစ်တယ် ချစ်တယ်..
အေး သူကလဲ နင့်ကိုချစ်တယ်တဲ့...
သူပေးတာ ဖုန်းနံပတ်မဟုတ်ဘူး.
ငါလေနင့်ကို ချစ်တယ် တဲ့.. 09 ဆိုတာတော့ အာပလာ ပေါ့ဟာ...။
သြော် ဒီလိုလား.. ဟိဟိ.. နင်ကတော်တယ် အဲ့ဒါကြောင့်ခင်တာ...
ြုဖစ်ရမယ် ကလေးတောင် သိတယ် နင်က မသိတာ ငတုံး.. ခုကြတော့ နင်ပီတိတွေဖြားပြီး အီအီတွေပါနေတယ်မှတ်လား...
ကောင်စုတ်နော်... သူကချစ်တယ်ဆိုတော့ ငါ ဘယ်နေ့အဖြေပေးရမလဲ...
ဟယ်... ဆည်းဆာရယ် နင်ပေးချင်တဲ့နေ့ ပေးပေါ့ဟဲ့... ငါ့တို့ကို လာမေးနေရမလာ..
နင်တို့ကလည်းဟယ် တိုင်ပင်တာတောင်မရဘူးလာ..
လာရဲရင့် နှာဘူးမ နား မကပ်နဲ့ ငါနဲ့ မီးဖိုးချောင်းဝင်မယ်...
အေးပါ လုပ်ကြပါ လုပ်ကြပါ..နင်တို့ကို ငါ့ဘဲ နဲ့ မိတ်မဆက်ပေးဘူး
မလိုပါဘူးဟာ... ငါတို့က နင့်ကိုအလကားစတာပါ.. ရုပ်ကလဲ စူပုတ်နေတာပဲ...
ရဲရင့် နော် နင့်ကိုနင် ကျောင်းမှာ စတား ဆိုပြီး ဘင်ခေါင်းကျယ်မနေနဲ့
အေးအေး နေစမ်းပါဦး ကျောင်းမှာ ကင်းလဲရှိတယ် ကွင်း လဲရှိတယ် ငါက ဘယ်လိုလုပ်စတားဖြစ်တာလဲ...ငါလဲ ဘာမှမလုပ်ရပါလာ..
အေး နင့်ကိုကျောင်းသားတွေ သတ်မှတ်တာ ငါလဲ မသိဘူး သိချင်ရင် ကျောင်းလာတက်ကြည့် နင့်ကိုယ်နင် ဘာလဲ သိမယ်..ကျောင်းတက်တိုင်းလေ.. ငါတို့က နင်နဲ့သူငယ်ချင်းဆိုတော့ ငါတို့ကိုတွေ့တိုင်း လာလာမေးနေတာ..ကြာတော့ စိတ်ရူပ်လာတယ်..ဖြစ်နိုင်ရင် နင့်အိမ်တောင် လမ်းညွန် လိုက်ချင်တယ်...
ဟာ... ငါက အဲ့လောက်တောင်ကြီးနေတာလား..
အေး ဟုတ်တယ် နင်ကြီးနေတာ..
ဟဲ့ နာမည်ပြောပါ..
ငါလည်းနာမည်ပြောတာပါ
ငါက နာမည်ကြီးတော့ နင်တို့လည်း မျက်နှာပန်းပွင့်တာပေါ့ဟ မကောင်းဘူးလာ...
ဟွန်း မကောင်းပါဘူး.. အလကားနေ နင့်ကိုပဲ လာမေးနေတာ .. ငါတို့ကြမမေးဘူး...
သြော် ဒါကတော့  ဒီလိုရှိတယ်ပေါ့ဟာ...
နဲနဲလေးပြောတာနဲ့ မြှောက်နေပြီ... လာ.. မီးဖိုးချောင် ၀င်မယ်
အေးဝင်ကြ နင်တို့ ချက် ငါစားမယ် အောင်မာ မရပါဘူး နင် ခ၇မ်းချဉ်သီး လာလှီး...။
ကဲ................ ဒီလိုအရမ်းချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်...ရဲရင့်ကတော့ ကျောင်းမှာကဗျာတွေရေးပေးလို့ လူသိများတဲ့သူတစ်ယောက်ပေါ့ဒါပေမယ့် သူက နာမည်ကြီးတာကို မကြိုက်ဘူး ကျော်ကြားတာကိုမလိုလားဘူး..မိထက်နဲ့ ဆည်းဆာကတော့ သူတွက်သူငယ်ချင်းကောင်းတွေ ပေါ့ သူငယ်ချင်းသုံးယောက်ထဲက ဆည်းဆာတစ်ယောက်ကလည်း ချစ်သူရှိတော့မှာဆိုတော့... နှစ်ယောက်တော့ ကျန်နေပါဦးမယ်...နောက်ပိုင်း ဇတ်လမ်းလေး ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဟိဟိ ဆက်လက် စောင့်မျှော်ပါဦးနော်...။ စာဖတ်ပရတ်သတ်အတွက်.....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့