Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 18 May 2012

North Sea ပင်လယ်တွင်း ရှိ ဓါတ်ငွေ့ယိုစိမ့်မှု ရပ်တန့်သွား

ပြင်သစ်နိုင်ငံ အခြေစိုက် Total ကုမ္ပဏီမှ  စကော့တလန်နိုင်ငံအနီး North Sea ပင်လယ်အတွင်း လုပ်ကိုင်နေတဲ့  Elgin  ဓါတ်ငွေ့တူးဖော်ရေး 
လုပ်ကွက်မှ ဓါတ်ငွေ့ယိုစိမ်မှု ရပ်တန့်သွားပြီ ဖြစ်တယ်လို့  သိရပါတယ်။ ဓါတ်ငွေ့ယိုစိမ့်မှု ရပ်တန့်စေဖို့ အတွက် တိုတယ်လ် ကုမ္ပဏီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး ဓါတ်ငွေ့ တူးဖော်တဲ့ တွင်းထဲကို ရွှံ့စေးတွေ ထည့်ပြီး ပိတ်ခဲ့တဲ့အတွက် ယိုစိမ့်နေတဲ့ ဓါတ်ငွေ့တွေကို ၂၄နာရီအတွင်း ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
 
အခုအခါ ဓါတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေကို ပြန်လည်စတင် လုပ်ဆောင်နေပြီဖြစ်ပြီး ဒီဖြစ်ရပ်ကနေ သင်ခန်းစာ အမြောက်အများ ရရှိခဲ့တယ်လို့ Total ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဓါတ်ငွေ့ယိုစိမ့်မှုဟာ မတ်လ ၂၅ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့အတွက် အဆိုပါ လုပ်ကွက်မှာ အလုပ်သမား ၂၃၈ဦးကို ဘေးကင်း ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့