Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 23 June 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟိုကို အမှုဆောင် အဖွဲ့အသစ် ပြန်လည် ဖွဲ့စည်းရန် စီစဉ်

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟိုကို အမှုဆောင် အဖွဲ့သစ် ပြန်လည် ရွေးချယ် ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံ အစည်းအရုံး
ဗဟို အမှုဆောင် အဖွဲ့ ပြန်လည် ဖွဲ့စည်းရေးနှင့် ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို အမှုဆောင် အဖွဲ့သစ် ပြန်လည် ရွေးချယ်မှု ကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးချယ်ရာ မှာတော့ ဂီတ လောကမှာ ပညာရှင်များ ဖြစ်ပြီး သတ်မှတ်ချက် အဆင့် ပြည့်မှီတဲ့ လူများကို ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမှုဆောင် အဖွဲ့ကို အယောက် ၅၀ ရွေးချယ် သွားမှာ ဖြစ်ပြီး အဆိုပါ အယောက် ၅၀ ထဲမှ ၂၇ ယောက် ကိုတော့ ဗဟို အလုပ် အမှုဆောင် အဖြစ် ပြန်လည် ရွေးချယ်မှာ ဖြစ်ပါတယ်။ ဆန္ဒမဲပေးသူ များတော့ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဝင် များသာ မဲပေးပိုင်ခွင့် ရှိတယ် လို့လည်း သိရပါတယ်။ အဆိုပါ အမှုဆောင် ပါဝင် ရွေးချယ်မှုမှာ ပါဝင်ရွေးချယ် ခံလိုသူများ အနေနဲ့ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံး ထားပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟို အသင်းချုပ်သို့ ဆက်သွယ် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့