*** တိတ်တိတ်လေးပဲလွမ်း ***
ကဗျာစပ်ရေး နှလုံးသွေးမှာလည်း
ဒဏ်ရာတွေနဲ့အပြည့်…
တောင်တန်းပြာပြာ မင်းရှိရာလည်း
ငိုသံသာတွေနဲ့အပြည့်…
ချစ်ရသူရယ်
လွမ်းချင်းပတ်ပျိုး မျက်ရည်တွေတိုးလို့
ကနောင်လိုလည်း မျက်ရည်ခံမထိုးချင်တော့ဘူး
Hip Hop ခေတ်လို ခမ်ကြမ်းကြမ်းတေးဆိုလို့
မော်ဒန်လို အသဲကွဲတာ ဘာဆန်းသလည်းလေ…
ချစ်ရသူရယ်
အခုတော့လေ နတ်သျှင်နောင်လို
ရတုတွေ မချွေတော့ပါပဲ
ဓာတုကလျာလို မေတ္တာမျိုးနဲ့
တိတ်တခိုးလေး ကြိတ်ငိုနေပါစေနော်…
No comments:
Post a Comment