Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

ဆက်သွယ်ရေးပိုင်း ဆိုင်ရာ ပစ္စည်းသစ် မိတ်ဆက်

Panasonic အမှတ်တံဆိပ်ထုတ် ဆက်သွယ်ရေးပိုင်း ဆိုင်ရာ ပစ္စည်းသစ် တစ်ခုဖြစ်တဲ့ PABX System TDA-100D မိတ်ဆက်မှုကို ဇွန်လ ၂၀ ရက်နေ့က
ချက်ထရီယမ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ PABX System TDA-100D ပစ္စည်းသစ်ဟာ လိုင်းခွဲစက် အမျိုးအစား ဖြစ်ပြီး ဟိုတယ်ကြီးများ၊ ဈေးဝယ် စင်တာများ၊ ကွန်ဒို တိုက်ခန်းများ၊ စက်ရုံများနဲ့ အခြား လုပ်ငန်းစုကြီး တွေရဲ့ ဆက်သွယ်ရေး ဆိုင်ရာ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးနိုင်တဲ့ စနစ် ပါဝင်တာ ဖြစ်ပါတယ်။

အဲ့ဒီ ပစ္စည်းကို တပ်ဆင် ထားပါက အဆောက်အဦး အတွင်းမှာ ဖုန်းလိုင်းခွဲပေါင်း ၁၆၀ ကို ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အသုံးပြု ရာမှာ ပြင်ပမှ ဆက်သွယ်ရေး လိုင်းနဲ့ မိမိနေရာ အတွင်း သုံးလိုတဲ့ ဖုန်းလိုင်းများကို အဲ့ဒီ စက်မှာ ချိတ်ဆက်ပြီး ဆက်သွယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စက်ကို တပ်ဆင် ထားရင် အပြင်သွားတဲ့ အခါ ဖုန်းအတွင်း တဖက်ဖုန်းမှ ပြောကြားခဲ့တဲ့ မက်ဆေ့ဒ် တွေကိုလည်း ပြန်လည် နားထောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စက်တပ်ဆင် သုံးစွဲတဲ့ ဟိုတယ် လုပ်ငန်းတွေ မှာတော့ အခန်းပေါင်း ၁၀၀ ခန့်အထိ ချိတ်ဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ PABX System TDA-100D ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့များ အပါအ၀င် မြန်မာ တစ်နိုင်ငံလုံး ကိုပါ ရောင်းချ နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့