Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

အချစ်ဓူဝံကြယ်

ဆုတောင်းဖြစ်တိုင်းသာ

ဆုတောင်းပြည့်မယ်ဆို

ငါ့အချစ်တွေသည်

မြောက်အရပ်မှ

ပျောက်မတတ်တဲ့

ဓူဝံကြယ်အဖြစ်

ကောင်ကင်မှာလင်းလက်ပါစေ။

နုပ်ခမ်းနှစ်ခုကြား

သိုဝှက်ထားတဲ့စကားတွေ

ဖုံးကွယ်ထားတဲ့

အလွမ်းအသွယ်သွယ်တွေ

ဖေါ်ပြချက်မရှိသေးတဲ့

မျော်လင့်ချက်လေးတွေက

အချစ်ဓူဝံကြယ်ရဲ့

အလင်းတန်းများအဖြစ်

တည်ရှိပါစေ။

သစ္စာကွပ်ထားတဲ့

ငါ့ရဲ့အချစ်တွေက

ကမ္ဘာတည်သရွေ့

တည်ရှိနေမယ့်

ဓူဝံကြယ်ပမာသူ့အတွက်

ထွန်းတောက်နေပါစေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့