Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

အချစ်နှင့်ဝေးကွာသောတစ်နေရာ

ပန်းတွေမကြွေဘူး
အနမ်းတွေလည်း မခြွေဘူး
အလွမ်းတွေ ရွှေချထားတဲ့နေရာ
တစ်ယောက်တည်း နေထိုင်တယ်။
တိမ်တိုက်တွေ ဝေနေတဲ့ကောင်းကင်ထဲ
မျက်ဝန်းများ   အနားယူစဉ်
အတိတ်ကာလ တစပြင်လို
ပြန်ပြောချင်တဲ့ သံယောဇဉ်အကြောင်းအရာတွေထဲ
အသည်းကွဲဇာတ်လမ်းတွေပဲ ရှိတယ်။
အထီးကျန်ဝေဒနာသက်သက်နဲ့ 
အိပ်ရေးပျက်ညတွေထဲ
အိပ်မက်မက်လှလှတွေ မက်နိုင်သေးရဲ့ 
မျှော်လင့်ခြင်းယဲ့ယဲ့ကို အသက်သွင်း
အချစ်ရဲ့  ခပ်ယွန်းယွန်းတစ်နေရာမှာ
နှလုံးသားဗလာနဲ့  ရှင်သန်နေတယ်...........။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့