Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 23 June 2012

အလွမ်းပြေ

ခုတလော လွမ်းစိတ်တွေက ဘာဖြစ်နေမှန်းကို မသိဘူး...
နဲနဲလေး အထင်လွဲတာနဲ့  စိတ်ဆိုး၊ စိတ်ကောက်နေမိတယ်...
ခုတလော အင်တာနက် ကွန်နက်ရှင် (Internet Connection) က လုံးဝ မကောင်း...
ကိုကို့ ဖက်က ပိုဆိုးနေတယ်...
မနေ့ က ကိုကို့ ကို အွန်လိုင်းမှာတွေ့ တော့ လွမ်းကခေါ်တယ်... ကိုကို ပြန်မထူးဘူး...
နောက် ကိုကို အွန်လိုင်းမှာ မရှိတော့ဘူး...
လွမ်း..စိတ်တွေတိုလာတယ်... ဆိုဒ်ထဲလည်း ၀င်ချင်စိတ်မရှိတော့ဘူး...
ဒီနေ့ ကိုကို့ ကို ပုန်းနေတယ်...
ကိုကိုက သိတယ်... Off the record လုပ်ပြီး လွမ်း ပုန်းနေတာကို လာဖမ်းတယ်...

ကိုကို:ဟိုကလေး... စိတ်ကောက်လို့  ပြီးရင် တက်ခဲ့
:)
:P
ကြည့်ရတာတော့ စိတ်ကောက်ပြေပြီထင်တယ်
ဟုတ်လား... လွမ်း
ဟိုကလေး အောက်သွားပြန်ပြီလား
:)
ဟဟ
အောက်ဘူးပဲ
ဗျို့ ... ခေါ်နေတယ်
လွမ်း
မျက်စောင်းထိုးပြီး ကြည့်မနေနဲ့ 
လိုင်းမကောင်းလို့ 
မနေ့ က တနေကုန်ကို 
ဘာမှလဲ မသိပဲနဲ့  လွမ်းက

လွမ်း: ခေါ်နေတာကို ပြန်မပြောရင် ဘယ်လိုခံစားရတယ်ဆိုတာ ကိုကိုသိပြီလား

ကိုကို: ကိုကိုကတော့ 
လွမ်း...မအားလို့ 
ဒါမှ မဟုတ် ဧည့်သည်လာလို့
ရေချိုးနေလို့
ထမင်းစားနေလို့
ပြန်မချက်တာလို့ ထင်တာပေါ့
စိတ်တော့မဆိုးပါဘူး
ကိုကိုက တဖက်က အခက်အခဲတခုခုရှိလို့ နေမှာပါလို့ပဲ တွေးတာ
မနေ့ကလည်းဖြစ်ချင်တော့ လိုင်းက စုတ်လိုက်တာမှ ရစရာကိုမရှိတာ

လွမ်း: လွမ်းက အဲလိုမတွေးဘူး
ကိုကို လွမ်းကို ပြန်မပြောတာ ဘာလို့ ပါလိမ့်
လွမ်း..ကိုကို့ အပေါ် ဘာအမှားတွေများ လုပ်မိလို့ ပါလိမ့်
လွမ်းမကောင်းကြောင်း ကိုကို့ ကို ဘယ်သူက လာပြောလို့ ပါလိမ့်နဲ့  ရင်တွေပူနေတာပဲ သိတယ်

ကိုကို: မဟုတ်တာတွေကို စပြီး တွေးတာကိုး
အကောင်းဖက်က တွေးရတယ်

လွမ်း: လွမ်း..ကိုကိုနဲ့  သိတာ မှားပြီထင်တာပဲ
အစကတည်းက မသိခဲ့ရင်ကောင်းမှာ
ငါ အဝေးကို ထွက်ပြေးချင်လိုက်တာဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေတာ

ကိုကို: နောက်ဆို ဘယ်တော့မှ အဲဒီလို မတွေးနဲ့ 
ခုထဲက ကြိုပြောထားမယ်နော်

လွမ်း: ကိုကို့ လို အကောင်းဖက်က မတွေးနိုင်ဘူး

ကိုကို: :(
အရင်က မတွေးပေမဲ့ ခု ကိုကိုပြောပြီးပြီလေ
တွေးလို့ ရပြီ
လွမ်းက ကိုကိုကြောင့် ခုလို ခဏခဏဖြစ်နေရင် ကိုကို ဘယ်စိတ်ကောင်းပါ့မလဲ

လွမ်း: အင်းပါ... နောက် မဖြစ်တော့ဘူး

ကိုကို: ကိုကိုဖက်က Connection က အရမ်းဆိုးတာ
အဲဒါလေးကို သိထားပေးပါ...

လွမ်း: ဟုတ်ကဲ့ပါ

ကိုကို: သီချင်း တစ်ခါတင်ဖို့ ကို အကြာကြီး စောင့်ရတာ
Page ကျလာအောင်
ပြီးတော့ ဘာမှ မကြည့်အားဘူး
Page ကျလာရင်လည်း လုပ်စရာရှိတာ အမြန်လုပ်ပြီး Save ရတာ

လွမ်း: နားလည်ပါတယ်

ကိုကို: မနေ့ က ကိုကို့  Page ပျက်နေတာကို ဒီအတိုင်းထားပြီး သွားလိုက်ရတာ
လွမ်းက မကြည့်လိုက်လို့  
အဲဒါကို တွေ့ ရင် သိမှာ
ခုနလဲ ကိုယ်ရံတော်လည်း မေးနေတာ ကိုကို့ ကို
မနေ့ က သူလည်း ကိုကို့ ကို ခေါ်တာပဲ
အဲဒါ ပြန်မထူးလို့ 
ခုလေးတင် ရှင်းပြနေတာ

လွမ်း: မသိဘူး... လွမ်းက သူငယ်ချင်းတွေကို နှုတ်ဆက်နေတာ... ဆိုဒ်ကို မလာတော့ဘူးလို့ 
သီချင်းတွေကို မုန်းတယ်လို့  ရေးတင်လိုက်သေးတာ

ကိုကို: လွမ်းကလည်း မလုပ်ရဘူး အဲဒီလို
ကိုကို့ ကိုပဲ စိတ်တိုပေါ့... တိုစရာရှိရင်
ဆိုဒ်ကိုတော့ ပစ်မထားပါနဲ့ 

လွမ်း: မနေ့ က အပြင်သွားတာ
ပြန်လာတော့ ၃-နာရီထိုးပြီ
လိုင်းပေါ်မှာ ကိုကို့ ကို မတွေ့ ဘူး
နောက် ၄-နာရီလောက်ထင်တယ်..တက်လာတာ တွေ့ တော့ ပျော်ပြီး လှမ်းခေါ်လိုက်တာ
ဘာမှ ပြန်မပြောတော့ လွမ်း ...ဘာဖြစ်သွားမယ်ဆိုတာ စဉ်းစားကြည့်ပေါ့

ကိုကို: ကိုကို အွန်လိုင်းမှာ အကြာကြီး စိမ်းနေရဲ့သားနဲ့ ပြန်မပြောရင်တော့ ကိုကို့အပြစ်ပေါ့
ခုဟာက ပြန်ကျသွားတာကို
ချက်ချင်းတက် ချက်ချင်းကျတာ
ပြန်ကို တက်မလာတော့ဘူး
အဲဒါနဲ့  ပြန်မ၀င်တော့ဘူး

လွမ်း: အင်းပါ
ခု ကိုကို ရှင်းပြလို့  သိပြီလေ

ကိုကို: မနေ့ က သီချင်းကို တင်နေတာ 
၁၂-နာရီကတည်းက တင်နေတာ
တစ်ခုရသွားတော့ လွမ်းကို ပေးမဲ့သီချင်း ထပ်တင်တာ မရတော့ဘူး
အဲဒါနဲ့  မေးလ်ကို ပို့ တာ

အဲလိုလေးတွေ ရှင်းပြတော့လည်း လွမ်း စိတ်ပြေရပြန်ရော...

ခုတော့လည်း အလွမ်းပြေ အလွမ်းသီချင်းတွေနဲ့  လွမ်းနေရဆဲပါပဲ...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့