Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ

ညနေခင်းလေးတစ်ခု လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကိုဖြန်.ကြက်ထားတယ် ....... ရှည်လျားတဲ့လမ်းမ
ထက်က စက်ဘီးလေးတစ်စီးပေါ်မှာ ကောင်လေးကကောင်မလေးကိုတင်နင်းလာတယ်

           ''ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ ''

           ကောင်လေးခါးကို ပွေ.ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကို ခပ်တိုးတိုးလေးမေးတယ် ။
မီးနီနေတုန်း  ကောင်လေးက ကောင်မလေးကိုလက်တစ်ချောင်းထောင်ပြလိုက်တော့ ကောင်မလေးက
''တစ်သက်လုံးလား'' လို.ပြောတော့ ............

            ကောင်လေးက "" နင့်ကိုငါဒီလိုအဖြေမျိုး ပေးမှာမဟုတ်ဘူး ဒီလိုအဖြေမျိုးပေးမှာမဟုတ်ဘူး ။
ဒီလိုအဖြေမျိုးက လူတိုင်းဖြေတတ်တဲ့အတွက် မစစ်မှန်တလိုပဲ  ..... ပြန်စဉ်းစားလိုက်ပါဦး ""

            ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း '' ဒီလိုဆိုရင်တစ်ရက်လား ""

           '' ဟား . . ဟား ..  ငါတို.ချစ်တာတောင် 2 လကျော်နေပြီ ။ တစ်ရက် တစ်ပတ် တစ်လဆိုတဲ့
အဖြေမျိုးက မဖြစ်နိုင်ဘူးလေ ""

           ကောင်လေးအပြောမှာ ကောင်မလေး ရောယောင်ရယ်ရင်း "" တစ်ခဏတော့မဟုတ်ရပါဘူးနော်  "" လို.
အသံကျယ်ကြီးနဲမေးတယ်။ ကောင်မလေးအပြောကြောင့်စက်ဘီးလဲမတတ် ကောင်လေးအော်ရယ်မိတယ်။ ကောင်မလေး
ရဲ့ ဒီလိုရွှတ်နောက်နောက် အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကိုကောင်လေး သိပ်ချစ်တယ် ။

           '' ဒီလိုဆိုရင်  တစ်နှစ်လား '' ကောင်လေးခေါင်းခါပြလိုက်တယ် ။  '' ဒီလိုဆိုရင် နှစ်တစ်ရာကွာ ....
ငါ့ကိုနှစ်တစ်ရာချစ်၇င်ရပြီ '''

ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမဲ့ မျက်နှာပေါ်မှာ အပျော်ရိပ်တွေသမ်းနေတယ်

            '' နှစ်တစ်ရာ ....... မတိုလွန်းဘူးလားကွာ ။ နှစ်တရာနဲ့ ငါနင့်ကိုချစ်လို.မ၀နိုင်ဘူး '' 

ကောင်လေးရဲ့စကားလက်နက်က
ကောင်မလေးရဲ့နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ် ။ 
             '' အဖြေကို သိချင်နေပြီလား '' ကောင်လေးဖြေချင်နေပြီ ။
             '' ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ '' ကောင်မလေးလည်းအဖြေကိုကြားချင်နေပြီ ။
             ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း ''' နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် '''
             ကောင်လေးစကားကြောင့် ကောင်မလေးငေးငိုင်သွားတယ် ။
             နင်ငါ့ကိုမချစ်တော့တဲ့ တစ်နေ.အထိ ငါချစ်နေမယ် ............
             အဲဒီတစ်နေ.က  ဘယ်လောက်ကြာနိုင်မလဲ ........တိုနိုင်တလို .ရှည်နိုင်တယ် ။
ထာဝရ  တစ်ခဏ လည်းဖြစ်နိုင်ပေမဲ့ တိကျတဲ့အဖြေ ဖြစ်ပါတယ် ။။။။။။။။


အားလုံးပျော်ရွှင်ပါစေ ......

1 comment:

Unknown said...

အဖြေကမိုက်တယ်ကွာ မှတ်သွားတယ်နော်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့