Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

မငိုပါနဲ့ ....ရယ်

စိတ်ကူးတွေကို..ရွက်လွှင့်လို့
အိပ်ပျက်ည..အိပ်မက်ညတွေမှာ
မင်းပုံရိပ်တွေက ..
ငါ့အတွက် အမောပြေ....
ရေခြား..မြေခြားလည်း
တသားတည်းရှိမယ့် အချစ်တွေနဲ့....
လှမ်းခေါ်ကြည့် ..လှမ်းမျော်ကြည့်လို့
မရနိုင်ပေမယ့်...ရင်ခုန်ကြည့်ရင် သိနိုင်ပါတယ်
တိမ်တွေနဲ့အတူ ..အပြေးလာချင်...
လေပြေနဲ့အတူ...ဆံနွယ်လေးကို...ဆော့ကစားချင်..
မိုးရေစက်တွေလို့  စံပယ်ပန်းတွေ ပွင့်ချင်ပေမယ့်လည်း
ဘဝအတွက် အချစ်တွေအနစ်နာခံရမယ့် နေ့ရက်တွေမှာ
မငိုပါနဲ့..............ရယ်
ဘဝတွေခိုင်မာလာတဲ့ တစ်နေ့
အချစ်တွေ လှပနေမှာပါ..............။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့