ငယ်ချစ်ဦး
ပထမဆုံး ချစ်ရေးဆိုခဲ့
နမ်းခဲ့ပါးပြင် ကြည်ရွှင်ချိုမြ
ပြုံးအလှဖြင့် တီတီတာတာ
ချွဲတတ်နွဲ့တတ် ကဲတတ်လွန်းသူ
မေးခဲ့သည်က သားကိုချစ်လား
ခွင့်ပန်စကား စပြောခဲ့စဉ်
ချစ်ပါသည်ဟု အဖြေပေးခဲ့
မမေ့ရက်သည့် မေမေ့စကား
ဦးဦးဖျားဖျား ကြားနာခဲ့ရ
ချစ်မ၀သည့် ငယ်ချစ်ဦး..
သူနမ်းကိုယ်နမ်း ပြန်လှန်နမ်းခဲ့
ကြည်နူးခဲ့သည့် သိတတ်စရွယ်
ငယ်စဉ်တောင်ကျေး ကလေးမှစ
ချစ်ခဲ့ရသည့် မိခင်များ၏
မေတ္တာတရား မြင်မိုရ်တောင်အား
နှိုင်းယှဉ်စံပြု အံတုမနိုင်
ချစ်မဏ္ဍိုင်အား မေ့မထားနှင့်
ဦးစွာနှလုံး အချစ်ဆုံးသည်
ငါတို့မေမေ ငယ်ကျွမ်းဆွေသာ
ငါတို့များ၏ ငယ်ချစ်ဦး...
ငယ်ချစ်ဦးမေမေ့ကိုမမေ့ကြပါနှင့်
No comments:
Post a Comment