Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

ဝမ်းနည်းပြီးဆိုရင်

ဝမ်းနည်းပြီဆိုရင်... တိတ်တိတ်လေးထိုင်ပြီး...ကိုယ့်ကိုယ်ကို ဖက်ထားပါ....
 
ကြေကွဲမျက်ရည်တွေ တဝေါဝေါနဲ့ စီးကျလာပါစေ....
ဝမ်းနည်းပြီဆိုရင်... သူတစ်ပါးကို မပြောပါနဲ့...
 
သူများတွေက သင့်ရဲ့ နေရာက ခံစားချက်.....ကို နားမလည်ပေးနိုင်လို့ပါ....

ဝမ်းနည်းပြီဆိုရင်...မှန်ကိုယူပြီး ကိုယ့်ကိုယ်ကို ကြည့်ပါ...
 
လက်ရှိ ခံစားချက် အမှန်သရုပ်ကို ရင်ဆိုင်ပါ...

ဝမ်းနည်းပြီဆိုရင်... ငြိမ်ငြိမ်လေး တနေရာမှာ ပုန်းကွယ်ပြီး
 
တကိုယ်လုံး လေဟာနယ်ထဲ မျောလွင့်သလို ခံစားမိပါစေ....

ဝမ်းနည်းပြီဆိုရင်...မျက်လုံးမှိတ်ထားပြီး...ဘေးက အသံတွေကို နားစိုက်ပါ...
 
စိတ်ကို အသံတွေကြားမှာ နစ်မြုပ်ထားပါ...

ဝမ်းနည်းပြီဆိုရင်...သူများကို ပြောစရာမလိုပါဘူး...
 
ကိုယ့်ရဲ့ နာကျင်မှုကို သူတစ်ပါးကို ဘာလို့ ခံစားစေမှာလဲ....

ဝမ်းနည်းပြီဆိုရင်...သီချင်းနားထောင်ပါ...
 
သီချင်းက ခံစားချက်တွေကို သယ်ဆောင်သွားပါစေ....

ဝမ်းနည်းစရာ မကြုံဘူးတဲ့ သူ ဘယ်သူရှိမလဲ....
 
တကယ်တော့...အတိတ်က ပြီးသွားတဲ့အရာတွေဟာ ပြန်မဖြစ်လာနိုင်တော့ဘူး...
 
အဲဒီအရာတွေကို ပြန်တမ်းတနေလို့လည်း ဘာမှမဖြစ်လာနိုင်တော့ဘူး မဟုတ်လား.............................
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့