Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

ဇူလိုင်လ ၂၃ ရက်နေ့တွင် သတ္တုတွင်းကဏ္ဍ ညီလာခံ ကျင်းပပြုလုပ် သွားမည်

မြန်မာနိုင်ငံရှိ သတ္တုတွင်း ကဏ္ဍ အတွက် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်တဲ့ ညီလာခံ တစ်ခုကို ဇူလိုင်လ ၂၃ ရက်နေ့မှာ Sedona Hotel မှာ
ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတ္တုတွင်း ကဏ္ဍ ညီလာခံမှာ သတ္တုတွင်း ၀န်ကြီး ဌာနရဲ့ ဥပဒေများ၊ ပြည်တွင်းမှာ ဆောင်ရွက် လျက်ရှိနေတဲ့ သတ္တု ရှာဖွေမှုများ၊ သတ္တုတွင်း ကဏ္ဍမှာ ပြည်ပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု အကြောင်း များကို သတ္တုတွင်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ တာဝန်ရှိ သူများနဲ့ လုပ်ငန်းရှင် များက ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ သတ္တုတွင်း ကဏ္ဍ ညီလာခံကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ် မှာဖြစ်ပြီး အဆိုပါ ညီလာခံကို စင်္ကာပူ နိုင်ငံရှိ Centre For Management Technology မှ ကျင်းပပြုလုပ် ပေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့