တိတ်တခိုး
အချစ်နဲ့ ပတ်သက်ရင်..
သူမက..ခြောက်စပ်ကဂျင်ဂျင်လည်လေးလား
ငါ့....ကိုယ်၊နူတ်၊စိတ် သုံးပါးစလုံး
ဘယ်လိုများသိမ်းကျုံးယူငင်သွားသလဲ...?
မျက်နှာချင်းဆိုင်ဖြတ်လျှောက်
ကျောခိုင်းသွားခဲ့ ဘူးတ့ဲတစ်ညနေဟာ
ရက်..လ..တွေကြာပေါ့
သူ့ ကိုယ်သင်းရနံ့ လေးခုထိမွှေးပျံ့ ဆဲ
သူမ..ဘာရေမွှေးသုံးသလဲ..?
ယနေ့ ထိ..........
ငါ့ဟာ ငါ့ မဟုတ်တော့ကြောင်း
သူအကြောင်းစုံကြား..
ငါ့ကို ဘယ်လိုဝှက်ထားသလဲ...?
လှေနံ ဓါးထစ်
သူမှသူ ဖြစ်ရအောင်
ငါ့လှေနစ်သည့် အထိ
သူ့ ကိုမှဘယ်လိုချစ်မိသလဲ..?
ငါ့ အချစ်များ..........
အိတ်သွန်..ဖာ မှောက်
သူတစ်ယောက်တည်းချစ်မိပေါ့
သူကနတ်သမီလေးလား...??
အရိပ်ဟာ..အရိပ်လို့ ခေါ်နိုင်ယုံ..အကွာအဝေး
သူပုံရိပ်ဆိုတာ...စိတ်ကသိနေပေါ့
သေချာပါပြီ..ရင်ထဲဟွန်းသံမြည်လာပေါ့
တဒိတ်...ဒိတ်
အာရုံနဲ့ မသိစိတ်က..တစ်ထစ်ချ
အသက်ရှူသံများခေတ္တရပ်ပေးပါ..
သူတစ်လှမ်းချင်း...လှမ်းရင်း
လှမ်း..ရင်း....
လှမ်း.........ရင်း.........
တန်းတန်းမတ်မတ်
ဒီလူရင်ကိုဖြတ်ပြီး...
ခင်းပြီး....
နင်းပြီး.........
သူမ.....ကျောင်းဆင်းလာပြန်ပေါ့....

No comments:
Post a Comment