Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

“အချစ်ရှိတဲ့ ရက်စွဲတွေကို ပိုင်ဆိုင်ဖို့ . . .”

Loveless life is a living death. “အချစ်မရှိသော ဘဝသည် ရှင်လျက်နှင့် သေနေခြင်း ပါပဲ” အချစ်ဟာ လူသားဘဝရှင် သန်မှုရဲ့ ရေသောက်မြစ် ဖြစ်ပါတယ်။ အချစ်ကိုသာ ဘဝထဲကနေ ဖယ်ထုတ်ပစ်လိုက်ရင် အနှုတ်လက္ခဏာပြသွားမှာပါ။ ဘဝမှာ ရှင်သန် ချိန်အတွင်း လူသားတိုင်း ပျော်ရွှင် ချင်ကြပါတယ်။ စိတ်ချမ်းသာချင် ကြပါတယ်။ တစ်နေ့ တစ်နေ့ ငွေတွေကို အတော မသတ် နိုင်အောင် ရေတွက် နေကြသူတွေ ပျော်ရွှင် ကြပါသလား။ စားကောင်းသောက်ဖွယ်တွေ ကို နေ့တိုင်း စားသောက် နေကြသူ တွေ ပျော်ရွှင်ကြပါသလား။ အဖြေ ကတော့ သိပ်မသေချာလှပါဘူး။ စာဖတ်သူတို့လည်း ကြားဖူးကြမှာ ပါ။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် လွန်းတဲ့နိုင်ငံတွေမှာ ကိုယ့်ကိုယ် ကိုယ်သတ်သေမှုတွေဖြစ်ပွားနေကြ တဲ့အကြောင်းတွေလေ။ ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ယဉ် ကျေးမှုနဲ့ တခြား အနောက်နိုင်ငံ တွေရဲ့ယဉ်ကျေးမှုက တော်တော် လေးကွာခြားပါတယ်။ သူတို့နိုင်ငံ တွေမှာ ချစ်သူကို တစ်ယောက်ဆို တစ်ယောက် သတ်သတ်မှတ်မှတ် မထားကြပါဘူး။ အခုတစ်ယောက်၊ နောက်တစ်ယောက်တွဲကြသလို Single Mother လို့ခေါ်တဲ့ (ဖခင် အမည်မခံဘဲ ကလေးမွေးတဲ့မိခင်) တွေလည်း အများကြီးရှိပါတယ်။ တစ်ချိန်လုံးမှာ ငွေကြေးကိုဦးစား ပေးနေတော့ ချစ်ခြင်းမေတ္တာအ ပေါ်ထားရှိတဲ့ “တန်ဖိုး” က လျော့ ကျလာပါတယ်။ ဒါ့အပြင် လက်မထပ်ဘဲအတူ နေတဲ့ (Living together) က လည်းထွန်းကားနေတော့ ချစ်ခြင်း ကို အလေးမထားသလိုဖြစ်နေပါ တယ်။ ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေး မှုက Living together, Single Mother ...စတာတွေကိုအားမ ပေးပါဘူး။ အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်ဖို့ကိုပဲ အားပေးပါတယ်။ ဒါ ကြောင့် မိကောင်းဖခင်မြန်မာအမျိုးသမီးလေးတွေအနေနဲ့ အ နောက်တိုင်းယဉ်ကျေးမှု၊ ကိုရီးယား ယဉ်ကျေးမှုကို အားမကျဖို့ တိုက် တွန်းချင်ပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့ ခံ စားချက်ဟာ အရမ်းနူးညံ့သိမ်မွေ့ ပါတယ်။ ကိုယ်ချစ်နေတဲ့သူတစ် ယောက်ကိုဖွင့်ပြောဖို့တောင်အချိန် တော်တော်ယူရတာပါ။ ယောကျာ်း လေးတွေကို တစ်ခုလောက်တိုက် တွန်းချင်တာက ရင်ထဲကအချစ်စစ် နဲ့ချစ်ရသူကိုပဲ ချစ်တဲ့အကြောင်း ဖွင့်ပြောပါလို့။ အချစ်ဟာ အစမ်း သပ်ခံအရာမဟုတ်ပါဘူး။ ကြား ကောင်းရုံ၊ နားထောင်ကောင်းရုံအ ချစ်ပုံပြင်တွေကို မဖန်တီးသင့်ပါ ဘူး။ ချစ်သူတွေရယ်လို့ဖြစ်လာရင် လည်း တစ်ယောက်ရဲ့အမှားကို တစ်ယောက်က ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားပါ။ လူဆိုတာ အမှားမကင်း တတ်ပါဘူး။ အသေးအမွှားအမှား ဆိုရင် နာကျင်စေလောက်အောင် ထပ်ခါတလဲလဲ ပုံကြီးချဲ့ပြီးမပြောပါ နဲ့။ ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့၊ ခွင့်လွှတ်ပေးနိုင်တဲ့၊ ယုယကြင်နာ တဲ့ချစ်သူတစ်ယောက်ရှိနေတဲ့ဘဝ က အဓိပ္ပာယ်ရှိတဲ့ဘဝပါ။ တစ်ခု တော့ ရှိပါရဲ့..။ အချစ်ပေးမှ အ ချစ်ရတာပါ။ သူ့ဘက်ကအချစ်ကို ချည်း မျှော်လင့်နေမယ့်အစား ကိုယ့် ဘက်ကအချစ်ကိုပေးဖို့ ကြိုးစား တာက ပိုကောင်းပါတယ်။ ပန်းခြံထဲမှာ ရောင်စုံဝဲပျံပြီး လှပနေတဲ့လိပ်ပြာလေးတွေကို တစ် ယောက်တည်းငေးမောရတာထက် စာရင် ချစ်သူနဲ့အတူတူ ငေးမောရ တာက ပိုကောင်းပါတယ်။ တသွင် သွင်စီးဆင်းနေတဲ့ စမ်းရေစီးသံကို တစ်ယောက်တည်းနားထောင်ရတာ ထက်စာရင် ချစ်သူနဲ့အတူတူနား ထောင်ရတာ ပိုကောင်းပါတယ်။ ရာသီအလိုက် ဖူးပွင့်နေတဲ့ပန်းက လေးတွေရဲ့အလှကို တစ်ယောက် တည်းခံစားရတာထက်စာရင် ချစ် သူနဲ့အတူတူ ခံစားရတာက ပို ကောင်းပါတယ်။ အနည်းဆုံးတော့ ကိုယ်စိတ် ဓာတ်ကျနေရင် ချစ်သူဆီကစိတ် အားတက်ြွကစေတဲ့ စကားတွေကြားနိုင်သေးတာပေါ့။ တစ်ခါတရံ ကိုယ်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ချစ်သူက ဖြေ ရှင်းပေးနိုင်ပါတယ်။ ချစ်သူတွေ ကြားက ချစ်ခြင်းမြဲမြံဖို့အတွက် “ကိုယ်ကျင့်တရား”ကလည်း အရေး ပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့် လိပ်ပြာ ကိုယ်လုံသလို ကိုယ့်ချစ်သူ အပေါ် လိပ်ပြာလုံဖို့လည်း လိုပါ တယ်။ တကယ်လို့ သင်ဟာ ရှေ့မှာ တစ်မျိုး၊ ကွယ်ရာမှာတစ်မျိုးလုပ် တတ်တဲ့သူဆိုရင် သင့်ချစ်သူက သင့်ကိုယုံကြည်မှာမဟုတ်ပါဘူး။ ပြီး တော့ ညည်းညူတတ်တဲ့အကျင့်ရှိ ရင် ဒီနေ့ကစပြီး ဒီအကျင့်ကို ဖျောက်လိုက်ပါတော့။ ခိုလိုညည်း တတ်တဲ့သူကို ကိုယ့်ချစ်သူက စိတ် ပျက်တတ်ပါတယ်။ ဘဝမှာ အခက် အခဲ၊ အကျပ်အတည်းဆိုတာ လူ သားတိုင်းမှာ ရှိနိုင်တာပါပဲ။ ကိုယ်ရွေးချယ်လိုက်တဲ့ချစ်သူ ဟာ ရုပ်ချောဖို့ထက်၊ ချမ်းသာဖို့ ထက်စိတ်ရင်းသဘောထားကောင်း မွန်ဖို့၊ ကိုယ်ကျင့်တရားကောင်းမွန် ဖို့ ပိုအရေးကြီးတယ်ဆိုတာ မြဲမြဲ မှတ်ထားပါ။ တလောက ဂျာနယ် တစ်ခုမှာ သတင်းတစ်ပုဒ်ဖတ်လိုက် ရပါတယ်။ မိန်းမနဲ့ကလေးရှိရက်နဲ့ လူပျိုပါလို့ ဖြားယောင်းလက်ထပ်ခဲ့ လို့ မိန်းကလေးဘက်က တရားစွဲတဲ့ သတင်းပါ။ ကျွန်မအမြင်ပြောရရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ်နဲ့ချစ်နေသူက ဘယ်လိုလူလဲ ဆိုတာ သိအောင်အရင်ကြိုးစားသင့်တာမိန်းကလေးတွေရဲ့တာ ဝန်ပါ။ တကယ်တော့ အချစ်က လိမ် ညာဟန်ဆောင်ခြင်း အလျဉ်းမရှိဘဲ သူ့သဘောသူဆောင်နေတာပါ။ ကိုယ်နဲ့ထိုက်တန်မယ့်ချစ်သူကို ရွေး ချယ်ဖို့က ကိုယ့်တာဝန်ပဲဖြစ်ပါ တယ်။ အချစ်ရှိတဲ့ဘဝမှာ ချစ်ခြင်း နဲ့ထိုက်တန်တဲ့ အပြုအမူ၊ လုပ်ရပ် တွေနဲ့သာ အကောင်းဆုံးအနာဂတ် ကို ဖန်တီးကြပါလို့ စကားလက်ဆောင်ပါးပါရစေ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့