ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနဲ့
ဆုပေးပွဲ အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့က ရန်ကင်း ပညာရေး ကောလိပ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲ မှာတော့ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးနဲ့ အိမ်သုံးဆေးဝါးများ အန္တရာယ်၊ ယနေ့ လူငယ်နဲ့ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဆက်နွယ်တဲ့ နောက်ဆက်တွဲ စောင့်ရှောက်ရေး၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတဲ့ ခေါင်းစဉ်များနဲ့ ဟောပြော ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဆုပေးပွဲ မှာတော့ ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုချီးမြှင့် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကို လုပ်ခွင်ကြို ဆရာ အတတ်ပညာ သင်တန်း ၁၆/၁၁ နဲ့ ပထမနှစ်နဲ့ လုပ်ခွင်ကြို ဆရာ အတတ် ပညာ ကျွမ်းကျင်မှု သင်တန်း ၈/၁၁ မှ သင်တန်းသား များက ၀င်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment