Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 19 June 2012

အချစ်သက်လို့သေတဲ့ ငါ

ရင်ခုန်တတ်မက်စွဲမက်စရာကောင်းတဲ့မင်းကို
ယာယီပိုင်ရှင်ရှိမှန်းသိပေမယ့်....... ။ ။
ငါ.... နောက်ပြန်မလှည့်ခဲ့ဘူး
မင်းငါ့ကို ပတ်သတ်တာ
အူတိုမှအချစ်လို့ခေါ်တဲ့စကားအတိုင်း
အူတိုခြင်းတွေနဲ့ မင်းအဆက်ဟောင်းကြီး
မင်းဆီပြန်လည်စိတ်ပါလာအောင်လုပ်တဲ့
လှည့်ကွက်ကြီးကြီးပါလား.......။ ။
ဒါတွေသိလျှက်နဲ့ချစ်မိခဲ့တဲ့ငါ့ကို
ထက်မြတ်တဲ့ဓားသွားတွေရှိတဲ့မင်းနှုတ်ခမ်းကနေ
ငါ့အသည်းကိုထာဝရခွဲးသွားရက်တယ်.....။ ။
ကွဲနေတဲ့အသည်းက ငါ့ကိုပြန်လှောင်ပြောင်နေတယ်
ဟေ့ကောင် “ငွေဆိုတာမိန်းမတွေအတွက်ဒုတိယဘုရားသခင်ဘဲ” တဲ့
အသည်းဟတ်တတ်ကြီးနဲ့ငွေမရှိတဲ့ငါဟာ
မင်းရှိတဲ့မြို့မှာ အရူးတစ်ယောက်လိုနေမယ့်အစား
ထားဝရဝေးကွာစေမယ့်........
တမလွန်ဘ၀ကိုငါထွက်ခွာသွားတော့မယ်
ငါလှဲလှောင်းရမဲ့
အုတ်ဂူဖြူဖြုလေးထဲကနေ
မင်းလာထာမယ့် ပန်းစည်းလေးကို
ငါ့နောက်ဆုံး အခွင့်အရေးအနေနဲ့
စောင့်မျှော်နေပါ့မယ်.........။ ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့