ရခိုင်ဒေသမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ဒေသခံ ပြည်သူများ အတွက် အလှူပစ္စည်းများ ဆက်လက် လှူဒါန်းလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာ
မှာလည်း ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ သင်္ဘောနဲ့ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သင်္ဘော မှာတော့ ၅၄ ပေါင်ရှိ ဆန် ၁၄၀၀ အိတ် ၁၀၈ ပေါင်ရှိ အိတ် ၁၅၀ ၊ ၃၀ ပိဿာရှိ ကုလားပဲအိတ် ၂၀ ၊ အ၀တ်အထည် မျိုးစုံ ပါရှိတဲ့ အထုတ် ၃၈၄ ထုတ်၊ ဖာ ၂၁၃ ဖာ၊ ဒန်အိုး ၂၁၀ စုံ၊ စာအုပ်ဒါဇင် တစ်ထောင် တို့ကို လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စွန်ပလွန်ထုတ်များ၊ ၁၃ လီတာ၊ ၂၉ လီတာနဲ့ ၃၀ လီတာဆံ့ ရေပုံးများ၊ ကာပေါ်လစ် ဆပ်ပြာတုံး၊ ရေသန့် ဆေးပြားများ အစရှိတာ တွေကိုပါ လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လှူဒါန်း မှုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချ ထားရေး ဦးစီး ဌာနနဲ့ အလှူရှင် များမှ သွားရောက် လှူဒါန်းတာ ဖြစ်ပါတယ်။ အခုလို ရခိုင် ပြည်နယ်ကို လှူဒါန်းရာ မှာတော့ သင်္ဘောနဲ့ တင်ပို့မှုဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး တပ်မတော် လေမှ လေယာဉ်နဲ့ ၅ ခေါက် အပါအ၀င် အခြား လေကြောင်း လိုင်းများ နဲ့လည်း တင်ပို့မှုများ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment