လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီး ဌာနမှ မိုးပွင့် အဆင့် ၃ စီမံချက်ဖြင့် ကရင် ပြည်နယ်၊ မြ၀တီမြို့၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာ အုပ်စုမှာ
တိုင်းရင်းသား များကို နိုင်ငံသား စိစစ်ရေး ကတ်ပြား များကို အခမဲ့ ကွင်းဆင်း ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းကို မြ၀တီမြို့မှာ ဇွန်လ ၁၅ ရက် နေ့နဲ့ ၁၆ ရက်နေ့များမှာ ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အခမဲ့ ဆောင်ရွက် ပေးနိုင်ဖို့ အတွက် ရန်ကုန်မြို့ အခြေစိုက် လူမှုရေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ NRC အဖွဲ့မှ ငွေကုန်ကြေး ကျခံပြီး ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် များဖြစ်တဲ့ ဓာတ်ပုံ ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ မိတ္တူကူးခြင်း၊ ကတ်ပြားများ ပလတ်စတစ် လောင်းခြင်း စတာတွေကို ပြုလုပ်နိုင်ဖို့ အတွက် ကွန်ပျူတာနဲ့ ဆက်စပ် ပစ္စည်းများ၊ ဓာတ်ပုံ ကင်မရာနဲ့ ဓာတ်ပုံ ကူးစက်၊ မိတ္တူကူးစက်၊ သွေးစစ် ကိရိယာ၊ ပလတ်စတစ်လောင်းစက်၊ အသေးစား မီးစက်နဲ့ ရုံးသုံးစာရေး ကိရိယာများကို လှူဒါန်း ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ NRC အဖွဲ့သည် ကရင်ပြည်နယ် အတွင်း အဖွဲ့ ၇ ဖွဲ့ ခွဲပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရာမှာ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မိုးပွင့်အဆင့် ၃ စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ဇွန်လ (၁)ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံးကို ဆောင်ရွက် ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment