ကျေးဇူးကြီးလှ မိနှင့်ဖကို
လေးစားရိုသေ ပြုစုလေလို.
ကြီးသူဆက်ဆက် မိန့်မှာခဲ့ဧ။်။
မိန့်မှာစကား ဘေးမှာထားလို့
ပျော်ပါးမက်နေ တို့တစ်တွေသည်
အမိုက်တောမှာ မျောမိလေဧ။်။
သံသရာကြော ရေစုန်မျောလျှက်
ကမ်းနှင့်ဝေးရာ မမြင်သာမှ
အမိကယ်ပါ ဖကယ်ပါနှင့်
နောင်တတေးဆို ဟစ်ကြွေးငိုလည်း
ဘယ်သူမပြု မိမိမှုမို့
ခံပေဦးတော့ ခံလေတော့။
No comments:
Post a Comment