Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ပြည်ပလုပ်သားများ အများဆုံး ၇၅ ရာခိုင်နှုန်းသာ ခေါ်ယူနိုင်မည်

မကြာမီ ထွက်ရှိတော့မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မှာ ပြည်ပ နိုင်ငံသား များက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လာရောက် လုပ်ကိုင် ပါက
ပြည်ပနိုင်ငံ များမှ လုပ်သားများ ခေါ်ယူ လုပ်ကိုင်မှုကို အများဆုံး ၇၅ ရာခိုင်နှုန်းသာ ခေါ်ယူရမှာ ဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်နေ့က Park Royal Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ညီလာခံမှ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ ကံဇော်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ ပြည်ပ လုပ်သား ခေါ်ယူ သုံးစွဲမှု ၇၅ ရာခိုင်နှုန်းဟာ ပထမ ၅ နှစ်ဖြစ်ပြီး ဒုတိယ ၅ နှစ်မှာ ပြည်ပမှ လုပ်သားများ ၅၀ ရာခိုင်နှုန်းသာ ခေါ်ယူ သုံးစွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တတိယ ၅ နှစ်မှာ ပြည်ပ လုပ်သား သုံးစွဲမှု ၂၅ ရာခိုင်နှုန်းသာ အသုံးပြု ရမှာဖြစ်ပြီး ကျန်တဲ့ ရာခိုင်နှုန်းများ အတွက် လုပ်သားများ ကိုတော့ ပြည်တွင်းရှိ လုပ်သားများ ကိုသာ ခေါ်ယူ သုံးစွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပြည်ပ နိုင်ငံများက လုပ်သားများ ခေါ်ယူ သုံးစွဲရာ မှာလည်း သက်ဆိုင်ရာ လုပ်ငန်း အလိုက် ကျွမ်းကျင်မှု ရှိတဲ့ လုပ်သား များကို ခေါ်ယူ အသုံးပြု ရမှာဖြစ်ပြီး လုပ်ငန်း ကျွမ်းကျင်မှု မရှိတဲ့ လုပ်သားများကို ခေါ်ယူသုံးစွဲ ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အဆိုပါ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ် မှာတော့ ပြည်တွင်း ကုမ္ပဏီများနဲ့ ပြည်ပနိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မယ် ဆိုပါက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ ပမာဏဟာ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါဝင်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့