လူအများမပြားရှိကြပါတယ် လူအများအပြားထဲကနေမှာ ယောက်ျားလေး မိန်းမလေး ဆိုပြီးနှစ်မျိုးခွဲခြားထားကြပါတယ် အကြမ်းအားဖြင့်ကြည့်မယ်ဆိုရင်တော့ လိင်နဲ့ကြည့်ပြီး ခွဲခြားထားကြတာပါ ဒါကမိန်းမလေး ဒါကယောက်ျားလေးဆိုပြီးတော့ပေါ့ဗျာ
တချို့ ယောက်ျားတွေက မိန်းမကိုယူကြပါတယ် ယူတယ်ဆိုတာကတော့လက်ထပ်တာကိုပြောတာပါ မိန်းမဆိုတာက ကျွန်တော်အပါအဝင် စာဖတ်သူတွေကိုမွေးပေးထားတဲ့ မိခင်ဟာလဲ မိန်းမ(သို့)မိန်းကလေးပါပဲ ကမ္ဘာပေါ်မှာရှိနေတဲ့မိန်းကလေးတွေမှန်သမျှမိန်းမတွေပါပဲယူထားထဲက မိန်းမကိုယူတာပါ ဟုတ်ပြီ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့စကားပုံတစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့
မယားဝတ္တရား
(သို့)
မယားကျင့်ဝတ်
ဆိုပြီး စကားပုံရှိကြပါတယ်
မိန်းမဝတ္တရား
(သို့)
မိန်းမကျင့်ဝတ်
ဆိုပြီး စကားပုံကိုဖွဲ့ဆိုထားခြင်းမရှိပါဘူးခင်ဗျာ
တချို့လူတွေကပြောကြပါတယ် ဟာဗျာကျွန်တော်မိန်းမရနေပြီ ဟာဗျာကျွန်တော်မိန်းမက ဘာညာစသဖြင့် ပြောကြပါတယ် မိန်းမတစ်ယောက်ကို ယူထားတော့ အဲ့မိန်းမက မယားမဖြစ်တော့တဲ့အတွက် သူသည် မယားဝတ္တရားကို မသိရှိနားမလည်နိုင်ပါ ထို့ကြောင့် မိန်းမကိုယူထားသော ယောက်ျားများသည် အိမ်ထောင်ရေးအစဉ်မပြေတာများသည် ။
တချို့လူတွေကလဲပြောကြပါတယ် ကျွန်တော်မြင်တွေ့ရတာကတော့ အနည်းအကျင်းလောက်ပဲရှိပါတယ် ဘာလဲဆိုတော့ ဟာကျွန်တော်မယားက အရမ်းတော်တာ ထက်မြတ်တာ (ဥပမာ) ကိုသာထူး ခင်ဗျားမယားက စိတ်သဘောထားကောင်းတယ်ဗျာ ကျုပ်တော့ချီးကျူးတယ် စသဖြင့်ပြောကြတယ် ထိုယောက်ျား ယူထားတာက မယားဖြစ်တဲ့အတွက် အိမ်ထောင်ရေးမှာ အစဉ်ပြေတယ် အိမ်ထောင်ရေးသာယာတယ်
ကျွန်တော်ပြောချင်တာကတော့ စာဖတ်သူတွေကို မိန်းမကို မယူစေချင်းဘူ မယားကိုပဲယူစေချင်ပါတယ် မိန်းမဆိုတာက အများအပြားရှိပါတယ် ထိုမိန်းမတွေထဲကမှ မယားကို ရွှေးပြီး လက်ထပ်(သို့)ယူစေချင်ပါတယ် ထိုမှသာ သူမသည်မယားဝတ္တရားကိုနားလည်ထားသူဖြစ်ပြီး မိမိသည်လဲ လင့်ဝတ္တရားကိုနာလည်ထားသူ ဖြစ်သောကြောင့် အိမ်ထောင်ရေးတွင် အစဉ်ပြေချော့မွေ့မည်ဟု ကျွန်တော်အပါအဝင်စာဖတ်သူများလဲ ယုံကြည်မည်ဟုထင်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တချို့မိန်မ တွေကလဲ ယောက်ျားကိုယူထားကြသည် ယူထားကတည်းကိုက ယောက်ျားကိုယူထားတာပါ အထက်မှာဖော်ပြထားသည့်အတိုင်း ကျင့်ဝတ်တွေထဲမှာ
လင့်ဝတ္တရား
(သို့)
လင့်ကျင့်ဝတ်
ဆိုပြီး ကျွန်တော်တို့ မြန်လူမျိုးတွေ စကားပုံထား ထားကြပါတယ်
ယောက်ျားဝတ္တရား
(သို့)
ယောက်ျားကျင့်ဝတ်
ဆိုပြီးဖွဲ့ဆိုထားခြင်းမရှိပါ
တချို့ မိန်းမတွေကပြောကြတယ် အမလေးတော့လိုယောက်ျားမျိုးယူရတာ ကျွန်မတော့မှားပါတယ် အဲ့လိုမှန်းသိရင် အစတည်းကမယူပါဘူးတော် ဆိုပြီစသဖြင့်ပြောကြတယ် ပြောကြတာကတော့ အခုခာတ် ခာတ်ကာလသားသမီးတွေပြောတာများကြပါတယ် တချို့ မိန်းမ မိန်းမချင်းတွေ့ရင်ပြောကြတာလဲ ရှိပါတယ် ဟဲ့ ကောင်မ နင့်ယောက်ျား အလုပ်မလုပ်ဘူးလား ငါကြည့်နေတာ တစ်နေ့တစ်နေ့မူးနေတာပပါပဲအေ အရက်သောက် ဖဲရိုက်ဘာညာစသဖြင့်ပေါ့ဗျာ ပြောရင်လဲပြောချင်စရာပဲလေ ယူထားတာကိုက လင့်ဝတ္တရား ဆိုတဲ့ဆောင်ပုဒ်ကိုနားမလည်တဲ့သူ ယောက်ျားဝတ္တရား ဆိုတဲ့ ဟာကိုပဲနားလည်ထားတဲ့သူကိုမှယူထားတော့ အဲ့မှာ ဖြစ်ကြပြီ တကြိတ်ကြိတ်နဲ့ သူသေငါသေပေါ့
တချို့မိန်းမတွေကလဲ လင်ယူထားကြတာ ပြောသံလေးတွေကြားပါတယ် အမလေးငါ့လင်ကလေ အရမ်းတော်တာ မသောက်မစားလေး ငါတော့သူနဲ့ ယူရတာ ကံကောင်းလိုက်တာ စသဖြင့်ပြောကြပါတယ် တချို့မိန်းမချင်းမိန်းမချင်း တွေ့ရင် ပြောကြတယ်
ယောက်ျားကိုယူထားတဲ့ သူက လင်ကိုယူထားတဲ့ မယားကိုပြောတဲ့စကားပါ
အားကျလိုက်တာဟယ် နင်လင်ရတာ ကံကောင်းလိုက်တာ ငါ့မှာတော့ ဟင်း အိမ်ကဟာကြီးကလေ တစ်နေ့တစ်နေ့ သောက်မယ် စားမယ် ပျော်မယ် ပါးမယ် ဒါပဲသိတယ် တစ်ခါတစ်လေဆို သူကမပေးတဲ့အပြင် ငါကအရက်ဖိုးပေးရတယ် တော်တော်မကောင်းတဲ့ဟာကြီး သူသေမှငါဝဋ်ကျွတ်မှာ ဘာညာစသဖြင့်ပြောကြတာပေါ့ဗျာ အဲ့လိုတွေပြောနေတော့ အိမ်ထောင်ရေး ရေရှည်မြဲပါ့မလား သာယာပါ့မလား စာဖတ်သူတွေကော ဘယ်လိုမြင်သလဲ ကျွန်တော်အမြင်တော့ ရေရှည်မမြဲလောက်ဘူးလို့ ထင်တယ်
ထို့ကြောင့် မိန်မတွေ ယူမယ်လက်ထပ်မယ်ဆိုရင် ယောက်ျားကိုမယူကြပဲ လင့်ဝတ္တရား ကိုနာလည်ထားတဲ့ လင်ကိုသာယူကြပါလို့ ပြောချင်ပါတယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တချို့ ပြေလည်ကြတယ် ယူထားတာကလဲ လင် ယူထားတာကလဲ မယားဆိုတော့
လင့်ဝတ္တရား
မယားဝတ္တရား
သိတဲ့သူတွေအချင်းအချင်းယူထားကြတော့ အိမ်ထောင်ရေးက သာယာဖြောင့်ဖြူးကြတယ် (ဥပမာ) အကို မောင် အလုပ်ကပြန်လာပြီလား ပင်ပန်းလာမှာပဲနော် ခဏနော် ကျွန်မအအေးသွားဖျော်ပေးမယ် စသဖြင့်ပြောကြပါတယ် အဲ့လို ဝတ္တရားတွေ သိတဲ့လူအချင်းချင်း ယူထားတော့ အရာအားလုံးက ပြေလည်ကြတယ် မယားလုပ်တဲ့သူကလဲ စုတက်စောင်းတက်တယ် လင်လုပ်သူကလဲ မသောက်မစား မသုံးမဖြုန်းဆိုတော့ အရင်ကထက် ချစ်ခင်ကြင်နာကြတယ် တချို့ဆိုပြောကြတယ် ရှင်က လိုလူမျိုးနဲ့ ကျွန်မလေ ဘဝဆတ်တိုင်းဘဝဆတ်တိုင်း စုံစည်းရပါစေလို့ ဘုရားမှာလေ အမြဲဆုတောင်းတယ် ကိုလဲ ဘာထူးလို့လဲ အဟီးဟီးဟိဟိဟိခိခိခိ စသဖြင့်ပြောရင်းရယ်မောကြတဲ့အသံတွေကိုလဲ ကြားမိပါတယ်
ထို့ကြောင့် စာဖတ်သူတွေကိုပြောချင်တာကတော့ မိန်းမတွေရှိတဲ့အထဲကနေမှ မယားကိုရွေးယူပါ ယောက်ျားတွေ အများကြီးရှိတဲ့ထဲမှာမှ ကိုယ့်အပေါ်ကောင်းမဲ့ လင်ကိုသာ ရွေးယူကြပါ လို့ ပြောကြားချင်ပါတယ်
ယူထား လက်ထပ်ထားတဲ့ သူတွေကော မိမိတို့ယူထားတဲ့သူတွေက ယောက်ျားတွေလားလင်တွေလား မိန်းမတွေလား မယားတွေလား ဆိုတာကိုမိမိတို့ကိုယ်တိုင်စမ်းစစ်ကြည့်ကြပါ
နောက်ဆုံးပြောချင်တာကတော့ စာဖတ်သူတွေအနေနဲ့ လင်တွေမယားတွေကိုပဲယူကြလက်ထပ်ကြပါ ထို့မှသာ အိမ်ထောင်ရေး သာယာမည်အစဉ်ပြေချော့မွေ့မည် ဖြစ်သည်ဟု ပြောရင်း ကျွန်တော်ဆောင်းပါးအားနိဂုန်းချုပ်လိုက်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်
No comments:
Post a Comment