ပုဂံဒေသသို့ ခရီးသွား လာရောက်မှုမှာ မိုးတွင်း ကာလ အရင်နှစ်တွေ ကထက် ပိုမိုဝင်ရောက်မှု ရှိနေ တယ်လို့ ပုဂံဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်
အရ သိရပါတယ်။ အဆိုပါ ခရီးသွား ၀င်ရောက်မှုမှာ အရင်နှစ် ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက် လာတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွား ၀င်ရောက် ရာမှာတော့ မိုးတွင်း ကာလ ရောက်သော်လည်း ဟိုတယ် အခန်း တွေမှာ အပြည့် နီးပါး ၀င်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။
ဒီလို ၀င်ရောက် ပေမယ့် နွေရာသီထက်တော့ ခရီးသွား ၀င်ရောက်မှု အနည်းငယ် လျော့ကျ နေတာ ဖြစ်ပါတယ်။ လာရောက် တည်းခိုသူ တွေမှာ စပိန်လူမျိုး အများဆုံး ဖြစ်ပြီး ထိုင်းနဲ့ ဥရောပ နိုင်ငံတွေ ကလည်း လာရောက် ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုအချိန်ဟာ မိုးတွင်းကာလ ဆိုပေမယ့် ပုဂံဒေသဟာ အညာဒေသ ဖြစ်တဲ့ အတွက် မိုးနည်းပြီး သစ်ပင် ပန်းမန်များလည်း စိမ်းလန်းစွာ ရှိနေပြီး တခြားဒေသ တွေထက် ရာသီဥတု ကောင်းမွန် တာကြောင့် ခရီးသွား ဧည့်သည်တွေ ပိုမို ၀င်ရောက်မှု ရှိနေတာ ဖြစ်ပါတယ်။
အဆိုပါ ခရီးသွား ဧည့်သည် ၀င်ရောက်မှု မှာတော့ ပြည်တွင်း ပြည်ပ ခရီးသွား ၀င်ရောက်မှု မျှတစွာ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ်ဟာ အရင် ၁၀ နှစ်တာ ကာလ မိုးတွင်း ကာလတွေထက် ခရီးသွား ၀င်ရောက်မှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ခရီးသွား များမှာ အညာ ဒေသမှာ ဘုရားဖူးဖို့နဲ့ အပန်းဖြေ ဖို့အပြင် စိတ်ပါဝင်စားစွာ လုပ်ငန်း လုပ်ကိုင် လုပ်လို သူတွေ အများဆုံး လာရောက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment