Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

*** မေ့မရတဲ့နေ့လေးပါ ***

*** မေ့မရတဲ့နေ့လေးပါ ***
အခြေ(နေ)မပေး
တို့တွေဝေးလည်း
မမေ့အဲ(ချိန်)ခါ
ရင်ထဲမှာမပေါ့…
ရယ်သံသွေးသွေး
ခေါ်သံလေးဟာ
မမေ့ရှာပါ
ရင်ထဲမှာမပေါ့…
ကြည်သာရွှင်အေး
မျက်နှာလေးက
မမေ့ကမ္ဘာ
ရင်ထဲမှာမပေါ့…
ဖြူစင်ချစ်ခန်း
ပုလဲပန်းလို
မမေ့ပိုတာ
ရင်ထဲမှာမပေါ့…
တူယှဉ်ကောက်နမ်း
ကံကော်ပန်းလို
မမေ့တို့ဟာ
ရင်ထဲမှာမပေါ့…
ကြည်ညိုသဒ္ဒါပွား
ဘုရားသွားခါ
မမေ့ရှာပါ
ရင်ထဲမှာမပေါ့…
ကိုယ်စီဆုတောင်း
ပြည့်စုံကြောင်းကို
မမေ့လိုကာ
ရင်ထဲမှာမပေါ့…
အခုတော့လွမ်း
နှုတ်ဆက်ခန်းမှာ
မမေ့တာက
ရင်ထဲမပေါ့…

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့