လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို ဂျပန်နိုင်ငံ အစိုးရမှ တာဝန်ယူကာ ၂၀၁၃ ခုနှစ်၊ မတ်လခန့်မှာ ပြန်လည် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက် ရာမှာ အဆိုပါ လောပိတ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ပြုပြင် ထိန်းသိမ်းမှု သာမကဘဲ မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့ရှိ ဆည်တော်ကြီး ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံကိုပါ ဂျပန်နိုင်ငံ အစိုးရမှ ပြန်လည် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
ဒီလိုပြုပြင် ဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့အတွက် ဂျပန်နိုင်ငံမှ တာဝန်ရှိသူတွေ လာရောက်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ အခုလို ပြုပြင် ဆောင်ရွက်မယ့် လောပိတ ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ မဂ္ဂ၀ပ် ၁၈၀ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment