Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

မခွဲအတူ.....

လမင်းတစ်စင်း သူဖန်ဆင်းလျှင်…

ငွေကြယ်တစ်ပွင့် ကိုယ်ဖန်ဆင်းမယ်…………..။


နေမင်းတစ်ပါးသူဖြစ်ချင်က…..

အပါးတော်မြဲ တိမ်ဖြူအဖြစ် ကိုယ်ရပ်တည်မယ်….


သူက ပင်လယ် ဖြစ်ပါလျှင်လည်း

ကြိုလင့်ကမ်းစပ် ကိုယ်ဖြစ်စေ့မယ်……..။


သူက ကောင်းကင်ဖြစ်လိုလျှင်လည်း

ကောင်းကင်ကြီးရဲ့ ကိုယ်ပွား ဝပ်စင်းခယ သမုဒ္ဒရာဖြစ်လိုချင်သည်……..။


သူက သစ်တစ်ပင် ဖြစ်ချင်ပြန်လည်း

မခွဲတူယှဉ် အကိုင်းဖြစ်ချင်ပါတယ်…………..။


သူက ပန်းတစ်ပွင့် ဖြစ်ပါလျှင်လည်း

စောင့်ရှောက်ကာကွယ် ဆူးတစ်ချောင်း ဖြစ်ချင်ပါတယ်…….။


သူက လေပြည် ဖြစ်ပါလျှင်လည်း

လေနဲ့လွင့်တဲ့ သဲမှုန်လေး ကိုယ် ဖြစ်ပါ့မယ်………….။


သူက မိုးပြေး ဖြစ်ချင်ပါလဲ

သူသွားမဲ့ဆီ ပို့ဆောင်ပေးမယ့် လေရူးလေး ဖြစ်ပါရစေ………။


ဟိုးးးးးးးးးးးးးအဝေးကြီး မင်းရောက်အောင်သွားလဲ

မခွဲတမ်း ရှိနေရရင် ရင်ကွဲသွားလဲ ကျေနပ်ပါတယ်………….။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့