Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

နှလုံးသားရှိသူတိုင်းခံစားတတ်ပါစေ....

နှလုံးသားရှိသူတိုင်းခံစားတတ်ပါစေ.....
ချစ်သူရေ...
အမြင်မတူတဲ့ အချစ်.
အခြေမတူတဲ့အလွမ်းတွေနဲ့ 
နေရာစုံမှာ ရောင်စုံခြယ်ချင်နေတာ
ပညပ်ချက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး....

အတိတ်ဆိုးတွေကို အရိပ်မိုးပြီး
နေလာခဲ့ရတဲ့ ငါ့အတွက်တော့
မှော်ဝင်အပြုံး နဲ့ အတူ
နင် ငါ မသိနိုင်တဲ့ ညနေခင်းတစ်ခုမှာ
တိတ်ဆိတ်စွာငိုကြွေးပါရစေ.......


လိမ်ညာမှန်း သိနေလျက်နဲ့ 
ငါနှလုံးသားက နင်ကို မလွန်ဆန်ချင်ဘူး
အသက်မပါတဲ့ အနမ်းတစ်ခုကို
တမ်းတမိနေတဲ့ ငါရဲ့စိတ်က
နင် နင်းခြေသွားနိုင်တဲ့
ပန်းတစ်ပွင့်ဖြစ်ခဲ့လေတော့
ကြွေခဲ့ရတာပေါ့ ချစ်သူ........


ဝေခဲ့ရတဲ့ ငါရဲ့မျက်ရည်တွေ
ကြွေခဲ့ရပြီ ငါရဲ့အသည်းတွေ
အမည်မသိနိုင်တဲ့ ဝေဒနာတစ်ခုကို
ပုံဖော်ပြီး ခေါင်းစဉ်မတပ်ချင်ပေမဲ့
ရင်ထဲမှာ ရှိတဲ့အချစ်တစ်ခု
အတုမဖြစ်ပါရစေနဲ့ ကွယ်..


တကယ်လည်း နင်မချစ်ပဲ
ရှိရင်စွဲတဲ့ အတ္တကို မြေမခခင်
အသွားအပြန်မရှိတဲ့ အနားသတ်မှာ
ငါ့နှလုံးသားလေး တိတ်တိတ်လေး
အိပ်စက်ပါရစေတော့ကွယ်.............
ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ
ကဗျာချစ်သူများကို ထာဝရလေးစားလျက်ပါ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့