လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်"

ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"
ခခွေး " ၂၄ လုံးကျန်မယ်"
ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"
ခခွေး " ဘာဖြစ်လို့လဲ"
ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"

ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

သြော်....ပုရိသ...

တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ
သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ
လို့မှ မဖြစ်နိုင်တာ"

မေ့မေ့ သင်္ချာ

သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"
အမေ။ ။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ ညီအဖေကိုရွေးခဲ့တာအေ့... ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့...."
သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့... သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."
အမေ။ ။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့... သင်္ဘောသားကိုရွေး..... သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင် ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"
ချစ်လို့ကျီစယ်......
အရူးဆေးရုံ တစ်ခုမှာပါ။
အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ က
“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော် သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။ သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။
No comments:
Post a Comment