Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

လွမ်းဆွတ်ခြင်း

တိတ်တဆိတ် မျှော်လင့်ချက်တွေဖူးပြီး
တရွေ.ရွေ. သတိရခြင်းတွေပွင့်တယ်
စစ်မှန်တဲ့မေတ္တာတရားနဲ့အတူ
နာရီတွေစီးဆင်းရင်း
ရက်စွဲများပါ ရေနား ရေတွန့်လာတဲ့
မူကြိုအဆင့်သာရှိတဲ့ နှလုံးသား။
အလွမ်းက
နေကို နေမှန်းမသိသလို
ဥပကိုဥပမှန်းလည်းမသိဘူး
သတိရတယ်ဆိုတာကလည်း
အလွမ်းတစ်မျိုးပဲမဟုတ်လားဆိုတော.
ညည်းမိတဲ့ သီချင်းတိုင်းက
အလွမ်းတွေဖြစ်မိသလို
ရေးမိတဲ့ကဗျာတိုင်းကလည်း
အဆွေးရိပ်မကိန်းဘူး။
အခုဆို
ခရေပင်လေးက
တို့မနက်တိုင်းသွား မျှော်လင့်နေတဲ့နေရာ
တောင်အရပ်က တောင်ဇလပ်ပန်းတွေ
ဖူးပွင့်နေပြီမို့
တို့အတွက်တော. နမ်းရှိုက်ချင်ပေမယ့်
ရင်ခုန်ဘက် အာသီသက
လွမ်းဆွတ်မှုတွေ အစပြုနေပြီ။
ခဏတာဆိုတာ အကြာကြီးမဟုတ်ပါ
တို့ရဲ့လွမ်းဆွတ်မှုကတော.
တစ်နေ.ထက်တစ်နေ.ကြာသွားပါပြီ။
ဒီတော. မပြောလိုတော.ပါဘူး
လွမ်းခြင်းနဲ့ အစပြုလို့နေပါတော.မယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့