*** အလွမ်းသမားက “ကို” ပါ ***
မာယာတွေယစ်မူးတယ့် နှင်းလူးညမှာ
လမင်းရဲ့ အလင်းရောင်ဖျော့ဖျော့
ညီမကိုလွမ်းတဲ့အရိပ်တွေယှက်ဖြာ
အနမ်းပန်းတချို့ စိတ်ကူးယဉ်သီကုံး
အခန်းဆက်များနဲ့အိပ်မက်ရှည်တွေလည်း
ကို လေဆက်မက်နေဆဲပေါ့…
နွမ်းလျတဲ့ပန်းကလေးတောင်
ကြယ်စင်အောက်မှာခြောက်ခမ်းနေသလားလို့ထင်မိ
နှင်းမှုံဝေတဲ့ နေ့မှာ ပွင့်
မိုးစက်တွေအောက်မှာ လန်း
လရောက်အောက်မှာ နွမ်းလျ
ပွင့်… လန်း… နွမ်းလျ
အလွမ်းရဲ့ ရသတွေ
ကို တစ်ယောက်တည်းခံစား
အလွမ်းသမားကတော့ လွမ်းလို့နေဆဲပေါ့…


No comments:
Post a Comment