Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

တိုင်းဒေသကြီးနှင့် ပြည်နယ် ၃ ခုမှ ဒေသ အချို့အား ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်ဒေသကြီး အဖြစ် တိုးမြှင့် ဆောင်ရွက်

ရှေးဟောင်း ဒေသ များအား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် တိုင်းဒေသကြီး၊ ပြည်နယ် ၃ ခုမှ ဒေသ အချို့ကို ရှေးဟောင်း ယဉ်ကျေးမှု
ဥယျာဉ်ဒေသကြီး အဖြစ် တိုးမြှင့် ဆောင်ရွက်လျက် ရှိတယ်လို့ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ် ဒေသကြီး အဖြစ် တိုးမြှင့် ဆောင်ရွက် လျက်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၃ ခု ကတော့ မန္တလေး တိုင်းဒေသကြီး၊ တံတားဦး မြို့နယ်ရှိ အင်းဝဒေသ၊ မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ပခန်းကြီးဒေသနဲ့ ရှမ်းပြည်နယ်ရှိ ပြဒါးလင်းဂူ တို့ကို ပြည်တွင်း ပြည်ပ ဧည့်သည်များ အဆင်ပြေ လွယ်ကူ ချမ်းမြေ့စွာ ကြည့်ရှုနိုင်ဖို့ အတွက် အခုလို တိုးမြှင့် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အဲ့ဒီ ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်ဒေသကြီး မှာတော့ အနှေးယာဉ် သွားလမ်းများ၊ လူသွားလမ်းများ ဖောက်လုပ်ခြင်း၊ နားနေရန် အဆောင် များများ၊ သန့်စင်ခန်းများ စနစ်တကျ ဆောက်လုပ်ခြင်းတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း၊ ဧည့်သည်များ လှည့်လည် ကြည့်ရှု့နိုင်ဖို့ ၀န်ဆောင်မှု ပေးခြင်း အစရှိတဲ့ လုပ်ငန်း တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရှေးဟောင်း ယဉ်ကျေးမှု ဥယျာဉ်ဒေသကြီး အဖြစ် ဆောင်ရွက်ခြင်းဟာ ရှေးဟောင်း အဆောက်အအုံ များကို ထိန်းသိမ်း ထားပြီး ဖြစ်သလို ခရီးသွား လုပ်ငန်း ကိုလည်း မြှင့်တင်ရာ ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့