Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

သိမှတ်ဖွယ်ရာစကားလုံး ၁၀ လုံး

သိမှတ်ဖွယ် စကားလုံး ၁၀ လုံး



တကိုယ်ကောင်းဆန်တဲ့ ပထမဆုံး စကားလုံးက " ငါ " ဆိုတာပါ။ ရှောင်ကြဉ်ပါ။



ကျေနပ်စရာကောင်းတဲ့ ၂ ခုမြောက် စကားလုံးက "ငါတို့" ဆိုတာပါ။ အသုံးပြုပါ။



အဆိပ်အပြင်းဆုံး ၃ ခုမြောက် စကားလုံးက "မာနတရား"ပါ။ သတ်ပစ်ပါ။



လူတွေ အသုံးအများဆုံး ၄ ခုမြောက်စကားလုံးက "အချစ်"ပါ။ တန်ဖိုးထားပါ။



ကျေနပ်စရာ အကောင်းဆုံး ၅ ခုမြောက် စကားလုံးက "အပြုံး"ပါ။ထိန်းသိမ်းပါ။



အမြန်ဆုံး ပျံ့နှံ့ကူးစက်နိုင်တဲ့ ၆ ခုမြောက် စကားလုံးက "ကောလဟာလ"ပါ။ လျစ်လျူရှုပါ။



အခက်ခဲဆုံး ၇ ခုမြောက် စကားလုံးက "အောင်မြင်မှု"ပါ။ ဆွတ်ခူးပါ။



အန္တရာယ် အရှိဆုံး ၈ ခုမြောက်စကားလုံးက "မနာလိုခြင်း"ပါ။ ဝေးဝေးနေပါ။



အစွမ်းထက်ဆုံး ၉ ခုမြောက် စကားလုံးက "အသိဥာဏ်ဗဟုသုတ"ပါ။ ရယူပါ။



မရှိမဖြစ် အရေးကြီးဆုံး ၁၀ ခုမြောက် စကားလုံးက "ယုံကြည်မှု"ပါ။ မြတ်နိုးပါ။

ဘ၀လက်ဆောင်ကို သတိရပါ...


တကယ်လို့ သင်ဟာ ရက်စက်တဲ့ စကား တစ်ခွန်း ပြောမယ်လို့စဉ်းစားမိရင်...

စကားမပြောနိုင်တဲ့ သူကို သတိရပါ။



တကယ်လို့ သင်ဟာ သင့်ရဲ့ အလှအပကို အလိုမကျခဲ့ရင်...

ကိုယ်လက်အင်္ဂါချို့တဲ့ နေသူတွေကို သတိရပါ။



တကယ်လို့ သင်ဟာ သင့် အစာရဲ့ အရသာကို မနှစ်မြို့ခဲ့ဘူးဆိုရင်...

အစားအစာ ငတ်မွတ်သူ ကို သတိရပါ။



တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူ ကို အလိုမကျဖြစ်နေမယ်ဆိုရင်...

ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆို နေတဲ့ သူကို သတိရပါ။



တကယ်လို့ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်...

အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ ကံဆိုးတဲ့ ကလေးငယ်တွေကို သတိရပါ။



တကယ်လို့ သင့်သားသမီးတွေပေါ်မှာ စိတ်တိုင်းမကျခဲ့လို့၇ှိရင်...

ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။



တကယ်လို့ သင့်အိမ် ပေပွညစ်ပတ်နေတာ၊ လူတွေ စည်းကမ်းမရှိတာကို တွေ့ခဲ့ရင်...

လမ်းပေါ်မှာ ဘ၀ကို အသက်ဆက်နေရတဲ့ လူသားတွေကို သတိရပါ။



တကယ်လို့ သင့်ရဲ့ အလုပ်မှာ မောပန်းတယ်.... ငြီးငွေ့တယ်လို့ ခံစားရရင်...

အလုပ်လက်မဲ့ လူတန်းစားကို သတိရပါ။



တကယ်လို့ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့....

လူသားတိုင်း အပြစ်နဲ့ မကင်းဘူးဆိုတာကို လက်ခံသတိရပေးပါ။



တကယ်လို့ စိတ်ဓာတ်ကျစရာ အတွေးတွေက အိပ်မက်တွေကို ဖျက်ဆီးတဲ့ အခါ...

သင့် မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး၊ လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို သတိရပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့