Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

♫♫♫ (ငါ့နှလုံးသားကမြင်နေတဲ့…ချစ်သူ ) ♫♫♫

  • ချစ်သူရယ်..
  • ပြောရင် ယုံမှာလား …
  • ငါမင်းကိုမသိခင်ကတည်းက ငါ့မျက်လုံးက မင်းကိုမြင်နေတယ်
  • ငါ့နှလုံးသားက မင်းကိုခံစားနေတယ်
  • ငါ့ရင်ထဲမှာလည်း မင်းရှိနေခဲ့တယ်
  • ငါသိလိုက်ပါပြီ မင်းကို မတွေ့ခင်ကတည်းက
  • ငါ ချစ်နေမိပြီဆိုတာကိုပေါ့…..။
  •  
  • မင်းနဲ့ ငါဟာ ကဗျာဆန်ဆန် တွေ့ဆုံခဲ့ရ တာ မဟုတ်ဘူးနော်….
  • ရိုးရိုး ရှင်းရှင်း လေးပါ…
  • အွန်လိုင်း ပေါ်မှာ မင်းကစပြီး  ကိုယ့်ကို မိတ်ဖွဲ့ခဲ့တယ်လေ…
  • သူငယ်ချင်းမရှိ ချစ်သူမရှိ ငါ့ဘ၀မှာ
  • ၀မ်းအသာဆုံး နေ့ဟာ အဲဒီနေ့လေးပါ… ။
  •  
  • ဘာလို့လည်း ဆိုတော့ ငါ့ရဲ့ နှလုံးသားဟာ
  • ချစ်သူကို ရှာတွေ့သွားပြီလေ..
  • ပုံပြင်တွေလို အချစ်တစ်ခုသာ အရရာပါလို့ မညာချင်ပေမဲ့
  • မင်းမရှိရင် ငါ့ရဲ့ မနက်ဖြန်တွေပျောက်ဆုံးနေတယ်ဆိုတာ
  • ဘယ်သူ သိနိုင်မှာလည်း…
  •  
  • ဟို …. တစ်ချိန်တုံးက ငါ့နှလုံးသားမှာ အချစ်ဆိုတာ ပေါ်မလာသေးဘူး ..
  • အဲဒီတုံးက ငါ့အတွက် ကော်ဖီခါးခါး တစ်ခွက် ကဗျာ လှလှလေးတွေ
  • ပျော်ရွှင်မှုတွေပေးနိုင်တဲ့ သူငယ်ချင်းတွေ…
  • ဒါတွေပဲ ရှိခဲ့တာ….
  •  
  • ဒီတော့ချစ်သူရယ်..
  • မင်းဟာ ငါ့ကို အပေါ်ယံမဟုတ်တဲ့ ခံစားချက် သက်သက်နဲ့
  • စတင် မိတ်ဆက်ခဲတာ ဖြစ်ပါစေလို့
  • ဆုတောင်းနေရတာပေါ့… ။
  • ကိုယ့်ရင်မှာ တစ်ဖက်သတ်ကြည်နူးနေမိပေမဲ့
  • နောင် မသိနိုင်မဲ့ တစ်ချိန်ကျရင် ဝေးသွားမှာလား လို့တွေးရင်
  • လွမ်းတောင် လွမ်းနေမိပါသးရဲ့…။
  •  
  • ဒါပေမဲ့လေ…
  • မဆုံနိုင်အောင် ဘယ်လောက်ထိဝေးပါစေ…
  • တစ်ကယ်ချစ်နေရင်တော့ စိတ်ထဲမှာ အမြဲတမ်းရှိနေမှာပါ.. ။
  •  
  • ချစ်သူ….ကိုယ်ဟာ လေ…..
  • အချစ်ကို ကိုးကွယ်နေတဲ့ သူမဟုတ်ပါဘူး...
  • အချစ်ကို ဒူးထောက်တောင်းခံနေသူလည်းမဟုတ်ပါဘူး..
  • ဒါပေမယ့် အချစ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်သူပါ...။
  •  
  • ချစ်သူအိမ်ကလေးကို ၀င်ပြီး ညစဉ် စိတ်ကူး အိမ်မက်လေးနဲ့
  • ကြည်နူး နေခဲ့ရတာလေးတွေ
  • ချစ်သူ ဘယ်တော့များမှ သိမှာလည်း … ။
  • တစ်ချို့ချစ်သူတွေဟာ .. ချစ်လျှက်နဲ့ ဝေးကြတယ်
  • မုသားတွေ   ပါနေလို့ပေါ့ ..
  • တစ်ချို့က ကွဲလျှက်နဲ့ ချစ်ကြတယ် ….
  • မာနတွေ ပါလို့ပေါ …
  • ကိုယ့်ကတော့ ဝေးလျှက်နဲ့ နားလည်ပေးမယ်
  • အချစ်တွေ ပါလို့ပေါ့…။
  •  
  • ချစ်ဖို့ အတွက် ရေစက် လိုတယ်…
  • မုန်းဖို့ အတွက် သတ္တိ လိုတယ်
  • တို့နှစ်ဦး ရေစက်ပါလို့ ဆုံတွေ့လာတာ ..
  • အဲဒါ ချစ်ဖို့ အတွက်ပဲပေါ့… ။
  • မုန်းဖို့ အတွက် သတ္တိတွေ.. ရင်ထဲမှာ မထားကြေးနော်… ။
  •  
  • ဒီတော့ချစ်သူ …
  • တို့နှစ်ဦး နားလည်မှုတွေ ရရှိပြီး
  • နှစ်ကိုယ်တူ လျှောက်ရမဲ့ ချစ်ခရီးလမ်းကို
  • ရင်ခုန်စွာ စောင့်မျှော်နေရင်းနဲ့ …
  • ချစ်သူ အိမ်ရှေ့လေးမှာ ထိုင်စောင့်နေမယ်နော် …. ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့