Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

ချစ်ခွင့်လေးပြန်လိုချင်တယ်

လွမ်းလိုက်တာရွှေရယ်
ခွဲခွာနေတဲ့ကာလအတွင်း
ငါ့ရင်တွင်းက လွမ်းခြင်းတွေကို
မင်းမသိနိုင်ခဲ့ပါဘူး
တမ်းတခဲ့ရတယ်
မှန်းဆခဲ့ရတယ်
လှိုက်လှဲတဲ့အလွမ်းတွေနဲ့
နင့်သီးတဲ့ ခံစားချက်တွေ
ငါ ဘယ်လိုမှ ဟန်ဆောင်လို့
မရခဲ့ပါဘူး
ဘာကြောင့်များ သံယောဇဉ်တွယ်မိခဲ့ပါလိမ့်ကွယ်
အစားထိုးဖို့ကြိုးစားခဲ့ပေမယ့်
မင်းလောက် မနက်ရှိုင်းခဲ့ပါဘူး
ငါ့မိုက်ပြစ်နဲ့ငါပါ
မွှေးပျံ့တဲ့ ပန်းတစ်ဆုပ်ဖြစ်ချင်ခဲ့ပေမယ့်
စူဠသုဘဒ္ဒါလို
ကံမကောင်း အကြောင်းမလှစွာ
ခါချဉ်ကောင်တွေနဲ့
လှပတဲ့ဥယျာဉ်လေးကို
ရှုပ်ရှက်ခတ်လို့ နောက်ကျိသွားစေတယ်
တောင်းပန်ပါတယ်ကွယ်
ခွင့်လွှတ်ပါလို့
မတောင်းဆိုချင်ပေမယ့်
မင်းနဲ့ ချစ်ခွင့်တော့
အရင်လို ပြန်ရချင်သေးတယ်
ငါ့ရဲ့သစ္စာတရားသာမှန်ကန်မယ်ဆို
မင်းရဲ့အချစ်တွေ
အရင်လို လွတ်လပ်ပွင့်လင်းစွာ ခံစားပါရစေသားကွယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့